ကိုအောင်နေမျိုး ပြန်လွတ်ပြီ
ကွမ်းလုံရက်၎ဝ ရုပ်ရှင်ပိုစတာကို အစိုးရတာဝန်ရှိသူတွေ၊ အစိုးရလိုလားသူတွေရဲ့ ရုပ်ပုံတွေနဲ့အစားထိုးပြီး ကွန်ဒုံး ရက် ၄ဝဆိုပြီး သရော်ထားတဲ့ ဓာတ်ပုံကို Facebook မှာ Share လို့ဆိုပြီး မုံရွာအခြေစိုက် အလွတ် တန်း ဓာတ်ပုံသတင်းထောက် ကိုအောင်နေမျိုးကို ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး ၃ရက်အကြာ မတ်လ ၂ရက်နေ့ေ
နေ့လည်မှာ မုံရွာအကျဉ်းထောင်ကနေ ပြန်လွှတ်ပေးလိုက်ပါတယ်။
သူ့ကို မုံရွာရဲတွေက ခေါ်ဆွေးနွေးတာဖြစ်ပြီး ချက်ချင်းပြန်လွှတ်ပေးလိုက်တာပါလို့ ကမာရွတ်မီဒီယာရဲ့ မေးမြန်းမှုကို ကိုအောင်နေမျိုးက ပြန်လည်ဖြေဆိုခဲ့ပြီး အသေးစိတ်အခြေအနေတွေကို ပြောဆိုဖို့ ငြင်းဆန် ခဲ့ပါတယ်။ သူဖမ်းဆီးခံရတဲ့ကိစ္စ အကြောင်းရင်းအသေးစိတ်ကိုတော့ ဒီကနေ့ညနေမှ သတင်းမီဒီ ယာတွေကို ရှင်းပြမယ်လို့ သူက ပြောပါတယ်။
သူ့ကို ဖမ်းဆီးစဉ်က မူးယစ်ဆေးဝါးကိစ္စ ရှာဖွေဝရန်းနဲ့ မုံရွာက သူဖွင့်လှစ်ထားတဲ့ Foto စားသောက်ဆိုင်နဲ့ နေအိမ်ကို မုံရွာရဲတပ်ဖွဲ့က ရှာဖွေခဲ့ပေမယ့် ဘာတစ်ခုမှ မတွေ့ခဲ့တာကြောင့် ဓာတ်ပုံကင်မရာနဲ့ ကွန်ပျူ တာတွေကို သိမ်းဆည်းပြီး ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ဖေဖော်ဝါရီ ၂၇ရက်နေ့ကတော့ နိုင်ငံတော်ကို မေတ္တာပျက်အောင် ကြံစည်မှု ပုဒ်မ ၅ (က)၊ (ခ)နဲ့ (င)တွေနဲ့ ရဲတပ်ဖွဲ့က တရားစွဲဆိုဖို့ ကြိုးစားခဲ့ပါတယ်။
အထက်မြန်မာနိုင်ငံ သတင်းသမားတွေကလည်း မနေ့ကရက်စွဲနဲ့ သမ္မတဦးသိန်းစိန်ကို လိပ်မူပြီး ကိုအောင်နေမျိုးကို ပြန်လွှတ်ပေးဖို့တောင်းဆိုခဲ့ပြီး အခုလို သတင်းထောက်ကို ဖမ်းဆီးတာဟာ အွန်လိုင်း ကနေ ထုတ်လွှင့်နေတဲ့ သတင်းမီဒီယာတွေကိုပါ ခြိမ်းခြောက်လိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။
ကိုအောင်နေမျိုးကို ဖမ်းဆီးလိုက်တဲ့သတင်းဟာ နိုင်ငံတကာသတင်းမီဒီယာတွေမှာ ချက်ချင်းဆိုသလို ဖော်ပြခဲ့ကြပြီး မြန်မာအစိုးရရဲ့ သတင်းမီဒီယာတွေအပေါ် ဖိနှိပ်ဖမ်းဆီးထောင်ချမှုတွေ တိုးမြင့်လာနေတဲ့ အပေါ် နိုင်ငံတကာက စိုးရိမ်မကင်းစောင့်ကြည့်ခဲ့ကြပါတယ်။
Kamayut Media

မှတ်ချက်များ