အမျိုးသားတစ်ဦးကို အက်စစ်ဖြင့် ပက်ခဲ့သူတစ်ဦးကို ရှီယာဥပဒေအရ ၄င်း၏ မျက်လုံးတစ်ဖက်ကို ဖောက်ထုတ်ရန် အီရန်အမိန့်ချ

အီရန်နိုင်ငံတွင် အမျိုးသား တစ်ဦးကို အက်စစ်ဖြင့် ပက်၍ တိုက် ခိုက်ခဲ့သူ တစ်ဦးကို နိုင်ငံ၏ ရှီယာဥပဒေ အရ အစိုးရက ၄င်း၏ မျက်လုံးတစ်ဖက်ကို ဖောက်ထုတ်ရန် အမိန့်ပေး ခဲ့ကြောင်း သိရ သည်။

အက်စစ်ဖြင့် ပက်၍ တိုက်ခိုက်ခဲ့သူ အမျိုးသား၏အမည်နှင့်အသေး စိတ် အချက်အလက် များကို အီရန် အစိုးရက ဖော်ပြခဲ့ခြင်း မရှိ
သော်လည်း ၄င်းသည် ကွမ်မြို့တွင် ၂ဝ၁ဝ ပြည့်နှစ် အတွင်းက အခြား အမျိုးသား တစ်ဦး၏ မျက်နှာကို အက်စစ်ဖြင့် ပက်ခဲ့ခြင်း
ကြောင့် တိုက်ခိုက်ခံ ရသော အမျိုးသားမှာ မျက်မမြင် ဘဝသို့ ရောက်ရှိ ခဲ့သည့် အပြင် မျက်နှာမှာလည်း ရုပ်ပျက် ဆင်းပျက် ဖြစ်ခဲ့ရသည်။

အာဏာပိုင် များသည် တိုက်ခိုက်ခဲ့သည့် အမျိုးသားကို တိုက်ခိုက်မှု ဖြစ်ပွားပြီး နောက်ပိုင်း ဖမ်းဆီးရမိ ခဲ့ခြင်းဖြစ်ပြီး အီရန် အစိုးရသည် ယခင်ကလည်း အဆိုပါ ပြစ်မှုများကို ကျူးလွန်သူ များအား အလား တူ ပြစ်ဒဏ်များ ချမှတ် ခဲ့သော်လည်း ယခုချမှတ်ခဲ့သည့် ပြစ်ဒဏ် မှာ ပိုမိုပြင်းထန်မှု ရှိကြောင်း ဗြိတိန်နိုင်ငံ အခြေစိုက် အီရန် လူ့အ ခွင့်အရေး ဆိုင်ရာအဖွဲ့က ပြောကြား ခဲ့သည်။

ယခု ပြစ်ဒဏ်ချမှတ် ခံရသည့် အမျိုးသားသည် ၄င်း၏ ဘယ်ဘက် မျက်လုံးကို ဖောက်ထုတ်ခြင်း ခံခဲ့ရပြီး လာမည့် ခြောက်လတွင် ကျန်ရှိ နေသည့် ညာဘက် မျက်လုံးကို ထပ်မံ ဖောက်ထုတ်ခံ ရမည် ဖြစ်သည်။

အက်စစ်ဖြင့် ပက်၍ တိုက်ခိုက်ခြင်းသည် တိုက်ခိုက်ခံရ သူများကို သေဆုံးစေရန် ရည်ရွယ်ခြင်း မရှိဘဲ ရုပ် ဆင်းအင်္ဂါ ပျက်စီးစေရန် လုပ်ဆောင်ခြင်း ဖြစ်ပြီး ယင်းသို့ လုပ်ဆောင်ခြင်းကို အရှေ့ အလယ်ပိုင်းရှိ နိုင်ငံ အချို့ အပါအဝင် အိန္ဒိယ၊ ပါကစ္စတန်၊ အာဖဂန်နစ္စတန် စသည့် နိုင်ငံများ အပြင် တောင်အမေရိက နှင့် အာဖရိက နိုင်ငံအချို့ တွင်လည်း လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။

‎PyiChitThar‬

မှတ်ချက်များ