၂၀၁၅ ခုနှစ် မတ်လ ၉ ရက်နေ့ နံနက် ၀၆း၁၀ နာရီခန့် ရန်ကုန် - မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၂၄၁/၁ နှင့် ၂၄၁/၂ ကြား (အသွားလမ်း)တွင် ရှမ်းပြည်နယ် နောင်မူ နေထိုင်သူ ဦးဇင်း မောင်းနှင်လာသည့် ယာဉ်အမှတ် 8G/×××× Light truck ယာဉ်သည် ရေဆူနေသဖြင့် ရေလဲပြီး ပြန်အထွက်တွင် ပြင်ဦးလွင် နေထိုင်သူ ဦးမင်းအောင်ကျော်မြင့် မောင်းနှင်လာသည့် ယာဉ်အမှတ် 9E/×××× မန်းရွှေမြို့တော် Express ယာဉ်က နောက်မှ ဝင်ရောက်တိုက်မိသော ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ပြီး Express ယာဉ်မောင်းမှာ ထွက်ပြေးတိမ်းရှောင်သွားပါသည်။
Light Truck ယာဉ်ပေါ်တွင် သံဃာတော် (၂၁)ပါး၊ ကျောင်းသား (၁)ယောက်၊ စုစုပေါင်း (၂၂)ယောက် စီး နင်းလိုက်ပါလာပြီး Express ယာဉ်ပေါ်တွင် ယာဉ်မောင်းအပါအ၀င် (၁၉)ယောက် စီးနင်းလိုက်ပါ လာကြ ပါသည်။
အဆိုပါယာဉ်မတော်တဆမှုကြောင့် Light Truck ယာဉ်ပေါ်မှ သံဃာတော်(၅)ပါး ပျံလွန်တော်မူပြီး အခြား သံဃာတော်များ ဒဏ်ရာရရှိသဖြင့် နေပြည်တော်၊ ကုတင်(၁၀၀၀)ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှု ခံယူလျှက်ရှိပါသည်။
ယင်း ယာဉ်မတော်တမှုဖြစ်စဉ်ကို ဘုရားတောင် အမြန်လမ်းရဲစခန်းက အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက် ရှိပါသည်။
ပုံစာ - နိုင်ငံခြားသားတဦးက ဒဏ်ရနေတဲ့ ကိုရင်ငယ်တွေကို လိုက်ကူပေးနေတာပါ ၊လူနာတင်တဲ့ ဆေးရုံ ကားတွေကတော့ သိတဲ့အတိုင်း အလာနောက်ကျပါတယ် ၊လူမှုရေးအသင်းကားတွေ အရင်ရောက်လာပါ တယ်။



မှတ်ချက်များ