အရပ်ပုခြင်းရဲ့မဟာအားသာချက်ကြီးများ


၁. သူငယ်ချင်းတွေအုပ်စုလိုက်ဓာတ်ပုံရိုက်တဲ့အခါ ကိုယ်ကအမြဲရှေ့မှာနေရမယ်။

၂. ပုတော့ နုတယ်။

၃. ခရီးသွားကားတွေ လေယာဉ်တွေပေါ်မှာ ခြေထောက်ကွေးဆန့်လုပ်နိုင်မယ်။

၎. ဖိနပ်အမြင့်တွေ စီးတဲ့အခါ သူများထက် ကြည့်ကောင်းနေမှာပါ။

၅. တိုပါတယ်ဆိုတဲ့မီနီစကတ်လေးတွေတောင် ကိုယ်နဲ့ဆို အံကိုက်ပဲ။

၆. ကိုယ်လိုချင်တဲ့အကျီဒီဇိုင်းမျိုးတွေ ကလေးတန်းမှာ ရှိရင်တောင် ဝယ်ဝတ်ပစ်နိုင်တယ်။

၇. တခါတလေ လူတွေက ကိုယ့်ကို ပိုဦးစားပေးတတ်တယ်။

၈. လိုအပ်မယ်ဆိုရင် လူတွေမမြင်အောင် အလွယ်လေး ပုန်းရှောင်နိုင်တယ်။

၉. တခုခုနဲ့ ဆောင့်မိမှာမျိုး သိပ်ပူစရာမလိုဘူး။

၁၀. တစုံတယောက်နဲ့ဆုံတဲ့အခါ ကိုယ်က ထူးခြားနေတဲ့အတွက် ကိုယ့်ကို အာရုံပြုမိမယ်။

မှတ်ချက်များ