အင်ဒိုနီးရှားတွင် ကွပ်မျက်ခံရတော့မည့် နိုင်ငံသားနှစ်ဦးကို ကယ်တင်ရန် အကျဉ်းသားလဲလှယ်ရေးသြစတြေးလျအဆိုပြု
မူးယစ်ဆေးဝါးမှုဖြင့် သြစတြေး လျနိုင်ငံသားနှစ်ဦး အင်ဒိုနီးရှားတွင် ကွပ်မျက်ခံရခြင်းမှ ရှောင်လွှဲနိုင်ရန် သြစတြေးလျနိုင်ငံက ကြာသပတေး နေ့တွင် အင်ဒိုနီးရှားနှင့် အကျဉ်း သားလဲလှယ်မှုပြုလုပ်ရန် ကမ်းလှမ်း ခဲ့ကြောင်း AFP သတင်းအရ သိရ သည်။
နာမည်ကျော် Bali Nine မူးယစ် မှောင်ခိုအဖွဲ့၏ အဖွဲ့ခေါင်းဆောင် နှစ်ဦးဖြစ်သူ အင်ဒရူ၊ ချန်နှင့် မြူရန် ဆူခူမာရန်တို့သည် ဗုဒ္ဓဟူးနေ့တွင် ကွပ်မျက်မှုများပြုလုပ်ရာ အကျဉ်း ထောင်သို့ ရွှေ့ပြောင်းခံခဲ့ရခြင်း ကြောင့် ၄င်းတို့သည် မကြာမီ ပစ် သတ်ခံရတော့မည်ဟု ယူဆရသည်။
ကွပ်မျက်မှုမပြုခင် အာဏာပိုင်များ က ၇၂ နာရီ ကြိုတင်အသိပေးရပြီး ယင်းက ၄င်းတို့ကို ကယ်တင်ရန် နောက်ဆုံးအခွင့်အရေးဖြစ်ကာ အ ကျဉ်းသား လဲလှယ်မှု ပြုလုပ်သွားမည် ဖြစ်ကြောင်း သြစတြေးလျနိုင် ငံခြား ရေးဝန်ကြီး ဂျူလီဘစ်ရှော့ကဆို သည်။ ထို့အပြင် ယင်းနှင့်ပတ်သက် ၍ ၄င်းက အင်ဒိုနီးရှား နိုင်ငံခြား ရေးဝန်ကြီး ရက်နိုမာဆူဒီနှင့်လည်း ဖုန်းဆက်ဆွေးနွေး ခဲ့ပြီဟုဆိုသည်။
အင်ဒိုနီးရှားနိုင်ငံခြားရေးဝန် ကြီးနှင့် အကြိမ်ပေါင်းများစွာ ဖုန်း ပြောခဲ့ကြောင်း၊ အင်ဒိုနီးရှားတွင် သြစ တြေးလျအကျဉ်းသားများရှိသကဲ့သို့ သြစတြေးလျ တွင်လည်း အင်ဒိုနီးရှား အကျဉ်းသားများရှိကြောင်း၊ ယင်း ကြောင့် အကျဉ်းသား အပြန်အလှန် လဲလှယ်ခြင်းဖြင့် သေဒဏ်ပေးခံရ တော့မည့် သြစတြေးလျနိုင်ငံသား နှစ်ဦးကို ကယ်တင်ရန် ကြိုးပမ်းသွား မည်ဖြစ်ကြောင်းပြောကာ လက်ရှိ အချိန်အထိ အကျဉ်းသား လဲလှယ် မှုအတွက် အတိအကျမပြောနိုင်သေး ကြောင်း၊ ထို့အပြင် အင်ဒိုနီးရှားဥ ပဒေအရ ထိုသို့ပြုလုပ်နိုင်သလား ဆိုသည်ကိုလည်း မသိရသေးကြောင်း ဘစ်ရှော့က ပြောကြားခဲ့သည်။
Sydney Morning Herald သတင်းကလည်း ထိုအကျဉ်းသား လဲလှယ်မှုတွင် ၁၉၉၈ ခုနှစ်က မူး ယစ်ဆေး မှုနှင့်ပင် သြစတြေးလျတွင် ထောင်ချခံထားရသော အင်ဒိုနီးရှား သုံးဦးပါဝင်နိုင်ကြောင်း ဖော်ပြသည်။
Democracytoday

မှတ်ချက်များ