မီတာ ၂၀၀ ကို ၅၅.၄၈ စက္ကန့်အတွင်း ပြေးပြခဲ့ပြီး စံချိန်တင်ခဲ့တဲ့ အသက် ၉၅ နှစ်အရွယ် အဖိုးအို


အသက် ၉၅ နှစ်အရွယ် ရှိပြီဖြစ်တဲ့ အဖိုးအိုတစ်ဦးဟာ မီတာ ၂၀၀ ကို ၅၅.၄၈ စက္ကန့်အတွင်း ပြေးပြခဲ့ပြီး စံချိန်ကို ချိုးဖျက်နိုင်ခဲ့ပါတယ်။ ပြေးပြီးပြီးချင်းမှာပဲ ထိုအဖိုးအိုဟာ သူ့ရဲ့ ဟိုတယ်ခန်းအတွင်း ပြန်ပြီး အိပ်စက် အနားယူခဲ့ရတယ်လို့ သိရပါတယ်။

ဒေါက်တာ Charles Eugster ဆိုသူ ထိုအဖိုးအိုဟာ ဗြိတိန်နိုင်ငံက Indoor အပြေးပြိုင်မှတ်တမ်းရဲ့ စံချိန်ကို ချိုးဖျက်နိုင်ခဲ့တာဖြစ်ပါတယ်။ အသက် ၉၅ နှစ်ရှိနေပြီဖြစ်တဲ့ Charles ဟာ လက်ရှိစံချိန်တင်ထားနိုင်တဲ့ Usain Bolt ရဲ့ ၁၉.၁၉ စက္ကန့်အတွင်း မီတာ ၆၀ ပြေးပြနိုင်တဲ့ စံချိန်ကို ချိုးဖျက်နိုင်ခဲ့တာဖြစ်ပါတယ်။

Charles ဟာ မီတာ ၂၀၀ ကို ၅၅.၄၈ စက္ကန့်အတွင်း ပြေးပြနိုင်သလို ၆၀ မီတာကိုလည်း ၁၅.၃၂ စက္ကန့်နဲ့ ပြေးပြနိုင်ခဲ့ပြီးပါပြီ။ Charles ရဲ့ နည်းပြဖြစ်တဲ့ Sylvia Gattiker ကတော့ “ ကျွန်တော် သူ့အတွက် ဂုဏ် ယူပါတယ်။ သူဟာ မနှစ်ကမှ စပြီး အပြေးလေ့ကျင့်ခဲ့တာပါ။ အခုတော့ စံချိန်အားလုံးကို ချိုးလိုက် နိုင်ပါ တယ်။ ဒါဟာ ကြီးမားတဲ့ အောင်မြင်မှုပါပဲ” လို့ ဆိုပါတယ်။

ဒေါက်တာ Charles Eugster ဟာ လန်ဒန် သားတစ်ဦး ဖြစ်ပေမယ့် လက်ရှိမှာ ဆွစ်ဇာလန်နိုင်ငံ ၊ ဇူးရစ်ခ်ျ မြို့မှာ နေထိုင်တယ်လို့ သိရပါတယ်။

Trend Myanmar

မှတ်ချက်များ