ပေးသူ၊ ယူသူ ဟန်ချက်ညီပါစေ

နေ့ စဉ် ဘ၀ရဲ့ သင်ခန်းစာမှာ ပေးတဲ့သူနဲ့ ယူတဲ့သူ ဟန်ချက်ညီဖို့ မှာလည်း သိပ်အရေးကြီးပါတယ်။ လောကမှာ ပေးတဲ့သူနဲ့ ယူတဲ့သူ ဒီလူနှစ်မျိုးပဲ ရှိတယ်။

ပေးတဲ့သူက အမြဲတမ်းပေးနိုင်အောင် ကျိုးစားလာကြပြီး ယူတဲ့သူများသည်လည်း ယူတာကိုချည်း တဖြည်းဖြည်း နှစ်သက်လာတာကို တွေ့ ရတယ်။ တစ်ဖက်က ကမ်းဖြိုပေးပေမယ့် တစ်ဖက်မှာ သောင်မ ထွန်းတော့လည်း ခက်ပါတယ်။

ရယူလိုသူတွေဟာ လက်ဆင့်ကမ်း ပေးဆပ်ခြင်းကို လစ်လျူခြင်းအားဖြင့် သူတို့ ရဲ့ အောင်မြင်မှုဟာ ရေရှည် မှာ အကြောင်းမလှနိုင်ပါ။ ဘာလို့ လည်းဆိုတော့လူ့ သဘောသဘာဝရ ရမှန်းသိရင် တောင်းတတ် တဲ့ အကျင့်ပါသွားလို့ ပါပဲ။ သူများပေးလို့ ရတဲ့ထဲမှာ အောင်မြင်မှုဆိုတာ မပါတဲ့အခါ ရယူလိုသူများအတွက်
အခက်တွေ့ စေတာပေါ့။

ပေးတဲ့သူများကလည်း အကျိုးမျှော်ကိုးမှုနဲ့ ပေးရင်တော့ မှန်းချက်နဲ့ နှမ်းထွက် ကိုက်မည် မဟုတ်ပါ။ အကျိုးကို မျှော်ကိုးပြီး ပေးဆပ်တယ်ဆိုတာ တနည်းအားဖြင့်တော့ ရယူချင်တဲ့ အဓိပ္ပာယ်ကို သက်ရောက်ပါတယ်။ မျှော်ကိုးပြီး ပေးတဲ့အခါ ရုပ်ဝတ္ထုပစ္စည်းတွေကိုသာ ရနိုင်မည်ဖြစ်ပြီး လူတွေရဲ့ နှလုံးသားကိုတော့ ရမည်
မဟုတ်ပါ။ မေတ္တာစစ်စစ်နဲ့ ပေးဆပ်ရင်တော့ လူအများရဲ့ နှလုံးသားကို ဆုလာဘ်အဖြစ် ပြန်ရပါလိမ့်မယ်။

ပေးသူနဲ့ ယူသူ ဟန်ချက်ညီရမယ်ဆိုတာ ပေးတဲ့သူကလည်း မေတ္တာမှန်စွာနဲ့ အပြည့်အ၀ ပေးရမှာ ဖြစ်ပြီး ရယူတဲ့သူကလည်း တခြားဆီသို့ လက်ဆင့်ကမ်းလိုတဲ့ ခံယူချက်နဲ့  လက်ကမ်းယူရမှာ ဖြစ်ပါတယ်။ ဒါဟာ လူအရင်းအမြစ်ဖွံ့ ဖြိုးတိုးတက်မှုကို သိသိသာသာ အကျိုးပြုလိမ့်မယ်လို့ လည်း ယုံတယ်။ တန်ဖိုးရှိတာတွေ
ကို လက်ဆင့်မကမ်းနိုင်တာ မိမိဟာ အနာဂါတ်ကို သစ္စာမဲ့တဲ့သဘောပဲ။

လက်ဆင့်ကမ်းလိုစိတ်မရှိသ၍ ဖွံ့ ဖြိုးမှုဟာ အဆက်ပြတ်နေဦးမှာပါ။ မှတ်သားစရာ စကားလုံးလေးတစ်လုံး ရလိုက်ရင် ပတ်ဝန်းကျင်ကို ဖြန့် ဝေလိုက်တာမျိုး၊ပစ္စည်းလေးတစ်ခုရှိရင် ပတ်ဝန်းကျင်ကို ပေးသုံးစေတာမျိုး၊ စာအုပ်လေးတစ်အုပ်ရှိရင် တပါးသူကို ပေးဖတ်လိုက်တာမျိုး စတဲ့အရာတွေဟာ အခြေခံအကြောင်း
အရာတွေပါ။ သေချာတာကတော့ ကိုယ့်မှာ အမှန်တကယ်ရှိတဲ့အရာတွေဟာ လက်ဆင့်ကမ်းရ ထားတယ်ဆိုတာ သိထားရမှာ ဖြစ်ပါတယ်။

ဒီနေရာမှာ ပြောချင်တာလေးက ပေးနိုင်တဲ့သူကလည်း သူများရသွားအောင် ပေးနိုင်တဲ့ စွမ်းအားရှိရတယ်၊ ရယူတဲ့သူကလည်း နောင်တစ်ချိန် ပေးသူနေရာကို ပြန်ရောက်ဖို့ အတွက် အားမွေးနိုင်ဖို့ လိုတယ်။ ဒါဟာ လူ့ အသိုင်းဝိုင်းကြားက အကောင်းဆုံး လဲလှယ်မှု(သို့ မဟုတ်) ဖလှယ်မှု တစ်မျိုးကို ဖြစ်စေပါတယ်။
ပေးတဲ့သူကလည်း ရောက်အောင်ပေး၊ ယူတဲ့သူကလည်း ရအောင်ယူပြီး တဆင့်ပြန်ပေးနိုင်အောင် ကြိုးစားလိုက်မယ်ဆိုရင် ဘ၀ဟာ ဟန်ချက်ညီစွာနဲ့ ရွေ့ လျားနိုင်ပါပြီ။

True Man

မှတ်ချက်များ