ဒီကနေ့ သာ ဆုပ်ကိုင်ပါ
ကျွန်တော်တို့ ရဲ့ လက်ရှိအချိန်တွေဟာ အစားထိုးပြန်မရတဲ့ တန်ဖိုးလို့ ပြောလို့ ရပါတယ်။ တစ်နေ့ တာရဲ့ (၃) ပုံ (၁) ပုံဟာအိပ်စက်အနားယူခြင်းဖြစ်လျင် ကျန်တဲ့ (၂) ပုံက ပျော်ရွှင်မှုအတွက် အသုံးချခြင်း၊ ကိုယ့်ပတ်ဝန်းကျင်အတွက် အသုံးပြုခြင်းနှင့် မိမိရဲ့ ဘ၀တိုးတက်ရေးအတွက် အသုံးချခြင်းတွေ လုပ်နေ ရတယ်။
တစ်နေ့ တာ ကုန်ဆုံးသွားတဲ့ အချိန်တွေနဲ့ အတူ မိမိရဲ့ အပြုအမှု၊ အပြောအဆိုတွေဟာလည်း ထို့ နေ့ အ တွက် ကျန်နေခဲ့မှာ ဖြစ်တယ်။ မနေ့ က ပြီးခဲ့တာတွေဟာ ဒီကနေ့ မှာ ပြန်တွေးတဲ့အခါ ပီတိအားတွေ ဖြစ်နေဖို့ တော့လိုပါတယ်။ တွေးရမှာကြောက်နေရမယ့် အဖြစ်မျိုးတော့ မဖြစ်သင့်ဘူး။
ဒါကြောင့် ဂရိအတွေးအခေါ်ပညာရှင် ကွင်းတပ်စ်ကိုးရစ်(ဘီစီ-၁၆)က ” ဒီကနေ့ ကိုသာ အမိအရ ဆုပ်ကိုင်ပါ။ မနက်ဖြန်ဆိုတာကို နည်းနိုင်သမျှ နည်းပါစေ ” လို့ ပြောခဲ့တာပေါ့။ အတိတ်ဆိုတာ ပြန်တမ်းတဖွယ် မကောင်းအောင် လုပ်ခဲ့ကြလို့ သာအတိတ်က မုန်းတီးဖွယ် ဖြစ်တာပါ။
ဒီကနေ့ ဆိုတဲ့ အချိန်တိုင်းကို အမြဲကောင်းအောင် ဖန်တီးနိုင်မယ်ဆိုရင် မနက်ဖြန်အတွက်လည်း အားမွေးရသဖွယ်ဖြစ်သလို၊မနေ့ က ဆိုတဲ့ အချိန်ဟာလည်း တစိမ့်စိမ့်တွေးပြီး ကြည်နူးဖွယ်တွေ ဖြစ်လာပါလိမ့်မယ်။ ဘ၀ရဲ့ အမှန်တကယ်ဖြတ်သန်းရတဲ့ အချိန် (၂) ပုံဟာ အကောင်းဆုံးတွေကို ဖန်တီးရမှာ ဖြစ်ပါတယ်။ ဒီဖန်တီးမှုကနေ ရလာတဲ့ ပီတိအားအင်တွေဟာ အိပ်စက်ခြင်းဆိုတဲ့ အချိန် (၁) ပုံကို အစားပြန်ထိုးပေးပါလိမ့်မယ်။
True Man

မှတ်ချက်များ