သူ့အပူ(ဟာသ)
ယာဉ်တိုက်မှုဖြစ်ပြီး ဆေးရုံရောက်သွားတဲ့ ခင်ပွန်းဖြစ်သူက သူ့ဇနီးဆီကို ဖုန်းမက်ဆေခ်ျပို့ပြီး အသိပေးတယ်… …
‘မိန်းမရေ…
ရုံးနားမှာ ငါ့ကို ကားတစ်စီးက တိုက်သွားတယ်။
ဆရာဝန်က ပြောတယ်
နံရိုး ၃ ချောင်း ကျိုးသွားတယ်တဲ့
ဘယ်ဘက်ခြေထောက် ကြေသွားတယ်တဲ့
ခေါင်းဘယ်ဘက်ပိုင်း ချိုင့်သွားတယ်တဲ့
ညာလက် တံတောင်ဆစ်ရိုး ပြုတ်သွားတယ်တဲ့
တော်သေးတယ် ဖြစ်ဖြစ်ချင်းပဲ မိငယ်လေးက ဆေးရုံလိုက်ပို့ပေးလို့
သိပ်တော့ စိတ်မပူပါနဲ့
လောလောဆယ်အချိန်ထိတော့ ငါ သတိရှိနေပါသေးတယ်’
… မိန်းမဆီက ချက်ခြင်းပဲ မက်ဆေခ်ျပြန်ဝင်လာတယ်… …
‘မိငယ်လေး ဆိုတာ ဘယ်ကကောင်မ လဲ’
.
.
.
သန်၎ကို
မှတ်ချက်များ