ဂျာနီလူဟာ ကုမ္ပဏီတစ်ခုမှာ စာရင်းကိုင် အဖြစ် လုပ်ကိုင်ပြီး စီးပွားရေး လုပ်ဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ အလုပ်လုပ်ရင်း ပေါင် (၅၀၀၀၀) လောက်ရှုံး သွားခဲ့ တာကြောင့် စိတ်ပျက် သွားပြီး အလုပ်ထွက် လိုက်ခြင်း ဖြစ်ပါတယ်။ ဒီနောက် ဂျာနီ လူဟာ အိမ်ကနေ နေ့စဉ် ထွက်ပြီး အလုပ်သွားဟန် ပြုလုပ်ခဲ့ ပါတယ်။ ဂျာနီလူ မိဘတွေက တော့ အလုပ်သွား တယ်လို့ ထင်မှတ်ခဲ့ပေမယ့် တကယ်တမ်းမှာတော့ အလုပ်သွားခြင်း မဟုတ်ဘဲ ကော်ဖီဆိုင်ထိုင်၊ စာကြည့်တိုက် သွားကာ အရင် လုပ်ခဲ့တဲ့ အလုပ်တွေ ဘာကြောင့် ရှုံးခဲ့သလဲ ဆိုတာ သုံးသပ်ပြီး အလုပ် ဆက်လုပ်ခဲ့ ပါတယ်။ ရုံးခန်းသီးသန့် မရှိပေမယ့် ကော်ဖီဆိုင်၊ စာကြည့်တိုက်တွေဟာ အလုပ်လုပ်ရာ နေရာတွေ ဖြစ်လာခဲ့ ပါတယ်။
ဂျာနီလူဟာ လူမှုကွန်ရက်တွေကို အသုံးပြုပြီး အ၀တ်အစားတွေကို ရောင်းချနိုင်ဖို့ ကြိုးစားခဲ့ ပါတယ်။ ကြော်ငြာအား ကောင်းကောင်းနဲ့ ထိုးဖောက်ခဲ့ တာကြောင့် ခြောက်လ အတွင်းမှာ လုပ်ငန်းတွေ တိုးတက် လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ်မှာ ဂျာနီလူဟာ ၀င်ငွေ ပေါင် (၁၀) သန်းကျော်အထိ ရှိလာပါတယ်။ အွန်လိုင်း ကနေ အ၀တ်အထည်တွေ၊ ဖက်ရှင် ပစ္စည်းတွေ ရောင်းချခဲ့တာ အောင်မြင်လာခဲ့ ပါတယ်။ ဂျာနီလူဟာ Showpo.com ၀က်ဘ်ဆိုက် ဖွင့်ပြီး ရောင်းချခဲ့ရာ နိုင်ငံပေါင်း (၄၅) နိုင်ငံ အထိ ဖြန့်ချိနိုင်ခဲ့ ပါတယ်။ အင်စတာဂရမ်နဲ့ ဖေ့ဘွတ်ခ်မှာ ပရိသတ်ပေါင်း လေးသိန် ကျော်စီ ပိုင်ဆိုင်ထား တယ်လို့ ဆိုထားပါတယ်။ ဂျာနီလူက လူမှု ကွန်ရက်တွေဟာ အောင်မြင်အောင် ပြုလုပ်ရာမှာ အထောက်အကူ ဖြစ်စေ ခဲ့ကြောင်း ဆိုခဲ့ပါ တယ်။
messenger

မှတ်ချက်များ