ကိုလူချောနှင့် လမ်းခွဲရန်


ကိုယ့်အပေါ်အစစအရာရာ ဖြည့်ဆည်းပေးနေတဲ့ လူတစ်ယောက်နဲ့ လမ်းခွဲဖို့ ဆိုတာ လွယ်ကူတဲ့ ကိစ္စတော့မဟုတ်ပါဘူး။ ဒီအကြောင်းနဲ့ပတ်သက်လို့ အချစ်ရေး အချစ်ရာ ကျွမ်းကျင်သူ ဒေါက်တာ Michelle Callahan က သူမရဲ့အကောင်းဆုံး အကြံပြုချက်တစ်ချို့ကို မျှဝေသွားပါတယ်။

လမ်းခွဲတော့မယ်ဆို ပထမဆုံးအရင်စဉ်းစားသင့်တာက မင်းသူ့ကိုစွန့်လွှတ်ဖို့ တကယ်အဆင်သင့်ဖြစ် ပြီလားဆိုတာပါပဲ။ အခုသူနဲ့ချစ်ခဲ့မိတာဟာ အရင်လူတွေနဲ့ စာရင် ပိုကောင်းလား ၊ ပိုဆိုးလားဆိုတာ မျိုးပြန်စဉ်းစားသင့်ပါတယ်။ မြက်ပင်တွေဟာ ခပ်ဝေးဝေးကကြည့်ရင် ပိုပြီးစိမ်းလန်းနေတယ်လို့ထင်ရသ လိုပဲ အတွင်းကျကျ မသိရသေးတဲ့ ယောက်ျားတစ်ယောက်ကို အပေါ်ယံအနေနဲ့ ဆုံးဖြတ်ရင်တော့ လက်ရှိ လူထက်သာတယ်လို့ထင်နေမိမှာပါပဲ။ တကယ်လို့များ လက်ရှိလူကို လုံးဝခံစားလို့မရတော့ဘူးဆို ရင်တော့ လမ်းခွဲလိုက်ပါ။ အဲဒီလိုမဟုတ်ဘဲ “ဟိုတစ်ယောက်လဲ မဆိုးပါဘူး”ဆိုတဲ့ ခံစားချက်မျိုးနဲ့ ဆို ရင်တော့ မလိုအပ်ဘဲ မပိုရှာဖွေနေခြင်းသာ ဖြစ်ပါတယ်။

သူ့ကိုလမ်းခွဲဖို့ပြောချင်တဲ့အခါ သူ့ဘက်ကတုန့်ပြန် လာနိုင်တဲ့ရလဒ်ကို ကြိုတွေးထားသင့်ပါတယ်။ “အခန့်မသင့်ရင်မင်းရဲ့ဆုံးဖြတ်ချက်ကြောင့် သူစိတ်ရှုပ် သွားနိုင်မှာ ဖြစ်တဲ့အတွက် မင်းရဲ့အတွေးကိုသူ့ ကိုမပြောခင် အရင်စဉ်းစားပြင်ဆင်သင့် ပါတယ်။”

သူ့ရဲ့မေးခွန်းကို ဖြေဖို့အတွက် ကောင်းမွန်တဲ့ဆင်ခြေတစ်ခုပြနိုင်အောင်ကြိုးစား ပါ။ ကိုယ့်ရဲ့ အကြောင်းပြ ချက်က ခိုင်လုံနေပါစေ။ ဥပမာ- “ဒီလိုမျိုးဆက်မသွားနိုင်တော့ ပါဘူး ။ ဒီအခြေနေဟာ ကျွန်မအတွက် အနည်ထိုင်စေဖို့မဖြစ်နိုင်ပါဘူး” စသည်ဖြင့် သူ့ကိုအသိပေးပါ။

သူဟာမင်းထင်ထားတာထက်ပိုပြီး ပေါက်ကွဲသွားနိုင်တယ်ဆိုတာကိုလဲ တွေးထားပါ။ ဒါဟာသူ့အတွက် ခက်ခဲနိုင်ပါတယ်။ တစ်ခါတုန်းက မင်းကိုနားမလည် နိုင်ဘဲ လမ်းခွဲသွားတဲ့သူတစ်ယောက်ကြောင့် မင်းဘယ်လိုခံစားခဲ့ရတယ်ဆိုတာကို ပြန်တွေးကြည့်ပါ။ ဒါမှသာ သူဘယ်လိုခံစားနေရတယ်ဆိုတာ နားလည်နိုင်မှာဖြစ်ပြီး ဒီဆွေးနွေးမှုရဲ့အဆုံးမှာ ကောင်းမွန်တဲ့ရလဒ် ရနိုင်ခြေနည်းပါတယ်။

“လမ်းခွဲအပြီးမှာ သူငယ်ချင်းအဖြစ် ဆက်လက် နေထိုင်သွားကြရအောင်” ဆိုတဲ့ ကတိမျိုးကို မပေးပါနဲ့ ။

ဒါဟာသူ့ကို နောက်ထပ်အခွင့်အရေးတစ်ခုရနိုင်ဦးမယ်ဆိုတဲ့ မျှော်လင့်ချက်မျိုး ပေးထားတာနဲ့တူပါတယ်။ ဒီတော့ “ကျွန်မ လိုချင်တာ လုံးဝ သန့်ရှင်းတဲ့ အပြီးတိုင်လမ်းခွဲမှုမျိုးပါ” လို့ သူ့ကိုပွင့်ပွင့်လင်းလင်းပြောပါ။

Trend Myanmar

မှတ်ချက်များ