လစာမဟုတ်သည့် အခြားဝင်ငွေရသူများ သုံးလအတွင်း ဝင်ငွေကြေညာလွှာ တင်ရမည်


လစာဝင်ငွေအပေါ်မှ အခွန်ပေးဆောင်ရာတွင် လစာထုတ်ပေးသူများက ကျသင့်အခွန်ကို နုတ်ယူ၍ အခွန်
ပေးသွင်းရမည် ဖြစ်ပြီး အခြားဝင်ငွေ ရရှိသူများမှာ ဘဏ္ဍာနှစ် ကုန်ဆုံးပြီး ဧပြီလ ၁ ရက်နေ့မှ ဇွန်လအထိ (သုံးလအတွင်း) သက်ဆိုင်ရာ မြို့နယ်အခွန်ဦးစီးဌာနများသို့ ဝင်ငွေကြေညာလွှာတင်သွင်းရမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနထံမှ သိရသည်။

အခြားဝင်ငွေရရှိသူများ ဆိုသည်မှာ ဆရာဝန်၊ အင်ဂျင်နီယာ၊ အနုပညာသည်များ စသည့် အသက်မွေးဝမ်း
ကျောင်း လုပ်ငန်းမှ ဝင်ငွေရရှိသူများ၊ ကုန်သွယ်၊ ကုန်ထုတ်လုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်း၊ ငွေချေးသက်
သေခံ လက်မှတ်များကို ရင်းနှီးမြှုပ်နှံခြင်း၊ အိမ်၊ ခြံ၊ မြေ ငှားရမ်းခြင်း လုပ်ငန်းမှ ရရှိသော ဝင်ငွေများကို ဆို လိုခြင်းဖြစ်ကြောင်း အခွန်ကောက်ခံမှု စိစစ်ကြပ်မတ်ရေး ဘုတ်အဖွဲ့ထံမှ သိရသည်။

“အခွန်ပေးဆောင်ရမှာ နိုင်ငံသားတိုင်းရဲ့ တာဝန်ပါ။ ကျွန်တော်တို့ကလည်း ပေးဆောင်ချင်ပါတယ်။ သုံးစွဲ တဲ့ အစိုးရဘက်ကလည်း အကျိုးရှိရှိ သုံးစွဲဖို့လိုပါတယ်” ဟု ငွေကြေးဆိုင်ရာ အကြံပေး လုပ်ဆောင်လျက် ရှိသူ ဦးရဲမင်းဦးက ပြောဆိုသည်။

လတ်တလော ပြည်တွင်းအခွန်များ ဦးစီးဌာနက ရသင့်ရထိုက်သည့် အခွန်များ လေလွင့်ဆုံးရှုံးခြင်း မဖြစ်
ပေါ်စေရန် စိစစ်ကောက်ခံလျက် ရှိပြီး အခွန်ငွေများဖြင့် လမ်းတံတား တည်ဆောက်ခြင်းနှင့် ပြည်သူ့ဝန် ထမ်းများကို လစာပေးခြင်းတို့ ပြုလုပ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

လစာအပေါ်မှ အခွန်ကောက်ခံရာတွင် တစ်နှစ်ဝင်ငွေ ကျပ်သိန်း ၂၀ ကျော် ရရှိသူများမှာ သတ်မှတ်အခွန်ငွေ ကျသင့်မည်ဖြစ်ပြီး လျှော့ပေါ့သက်သာခွင့်များမှာ အခြေခံသက်သာခွင့် ၂၀ ရာခိုင်နှုန်း၊ ဇနီး၊ ခင်ပွန်းနှင့် သား၊ သမီး တစ်ဦးစီအတွက် သက်သာခွင့်များ ရှိကြောင်း ပြည်တွင်း အခွန်များဦးစီးဌာနထံမှ သိရသည်။

The Voice

မှတ်ချက်များ