ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီးတွင် ရထားနှစ်စင်းတိုက်မိ၊ လူ ၂ဝ ဒဏ်ရာရ


ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော် မြောက်ဘက်ပိုင်းတွင် ရထားနှစ်စင်းတိုက်မိရာ ခရီးသည် ၂ဝ ထက် မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

မြောက်ဘက်ပိုင်းသို့ ထွက်ခွာလာ သော ရထားတစ်စင်းက အခြားရထား တစ်စင်း၏ အမြီးပိုင်းကို တိုက်မိ ခဲ့သဖြင့် အပျက်အစီးများဖြစ်ပေါ်စေပြီး ခရီးသည်များထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းနိုင်ငံ ရထားပို့
ဆောင်ရေးဌာနက ၎င်း၏ဖေ့စ်ဘွတ် စာမျက်နှာတွင် ထုတ်ပြန်ကြေညာ ထားသည်။

အဆိုပါ ရထားမတော်တဆမှု ကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ၂၂ ဦးခန့်ရှိကြောင်း ရဲမှူးနတ်တီပတ် သမ်မာ ရတ်ဆော်ဖုန်က ဆိုသည်။ ယင်းထိခိုက်ဒဏ်ရာရရှိသူများအနက် ၂ဝ သည် စိုးရိမ်ဖွယ်မရှိရသော်လည်း ရထားမောင်းသူတစ်ဦးနှင့် စက်ပြင်ဆရာတို့မှာ အသက်အန္တရာယ် စိုးရိမ်ရကြောင်း ၎င်းက ပြောသည်။

ယင်းရထားနှစ်စင်းသည် ဘန်ကောက်မြို့သို့ ဦးတည်ခုတ်မောင်းလာခဲ့ ကြောင်းနှင့် မတော်တဆဖြစ်စဉ်၏ အကြောင်းရင်းကို စုံစမ်းနေကြောင်း ရဲမှူးက ဆိုသည်။ အေပီ။

The Mirror Daily

မှတ်ချက်များ