![]() |
| ဓာတ်ပုံ - အေအက်ဖ်ပီ |
ပထမဖောက်ခွဲမှု ၂ ခုကိုတော့ ဈေး ၂ ခုမှာ အမျိုးသမီး အသေခံဖောက်ခွဲသူတွေက လုပ်ဆောင်ခဲ့တာဖြစ်ပြီး နောက်ဆုံးဖောက်ခွဲမှုကတော့ ဘတ်စ်ကားဂိတ်မှာ ဖြစ်ပါတယ်။
မိုင်ဒူဂူရီမြို့ဟာ အရင်က ဘိုကိုဟာရမ်အကြမ်းဖက်တွေ သိမ်းပိုက်ထားခဲ့တဲ့မြို့ဖြစ်ပြီး ပြီးခဲ့တဲ့နှစ်က နိုင်ဂျီးရီးယားစစ်တပ်က ပြန်လည်သိမ်းယူခဲ့တာပါ။
ဒီဖောက်ခွဲမှုတွေကို ဘိုကိုဟာရမ်အကြမ်းဖက်အဖွဲ့က တာဝန်ခံပြောဆိုတာ မရှိသေးပေမယ့် အခုနောက် ပိုင်း ဘိုကိုဟာရမ်အကြမ်းဖက်အဖွဲ့က အမျိုးသမီးနဲ့ ကလေးတွေကို အသေခံဗုံးခွဲတိုက်ခိုက်မှုတွေမှာ ပိုပြီး သုံးလာတာကို တွေ့ရပါတယ်။
နောက်ဆုံးဘတ်စ်ကားဂိတ်ဖောက်ခွဲမှုကတော့ အသေခံဖောက်ခွဲမှုလား၊ ကားဗုံးလားဆိုတာ မရှင်းလင်း
သေးပါဘူး။
ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်း နိုင်ဂျီးရီးယားစစ်တပ်ဟာ ဒေသတွင်းမဟာမိတ်နိုင်ငံတွေရဲ့ ပူးပေါင်းထိုး စစ်တွေနဲ့ ဘိုကိုဟာရမ်းအကြမ်းဖက်တွေ သိမ်းပိုက်ထားတဲ့ ဒေသအများအပြားကို ပြန်လည်သိမ်းပိုက် ရရှိနေပါတယ်။
ဘိုကိုဟာရမ်အကြမ်းဖက်တွေဟာ တိုက်စစ်ကနေ ခံစစ်ကို လုံးဝပြောင်းလဲသွားပြီလို့ နိုင်ဂျီးရီးယားသမ္မတ ဂွဒ်လပ်ဂျိုနသန်က ပြီးခဲ့တဲ့တပတ်က ပြောဆိုပါတယ်။
ဒီစစ်ဆင်ရေးတွေကြောင့် နိုင်ဂျီးရီးယားသမ္မတရွေးကောက်ပွဲနဲ့ ပါလီမန်ရွေးကောက်ပွဲတွေကို ရက်သတ္တ ၆ ပတ်နောက်ဆုတ်ထားပြီး လာမယ့် မတ်လ ၂၈ ရက်နေ့မှာ ကျင်းပဖို့ ကြေညာထားပါတယ်။
DVB

.jpg)
မှတ်ချက်များ