ဆုပန်ထွာနဲ့ ကိုဥက္ကာကျော်တို့ရဲ့ မြန်မာပြည်က မင်္ဂလာဆောင်


အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားက ဆန်တာမော်နီကာမြို့မှာ ဖေဖော်ဝါရီ ၁၄ရက်နေ့က မင်္ဂလာဆောင်ခဲ့တဲ့ သရုပ်ဆောင် ဆုပန်ထွာနဲ့ သူရဲ့အမျိုးသား ကိုဥက္ကာကျော်တို့ဟာ ရန်ကုန်မြို့ Novotel ဟိုတယ်မှာ မတ်လ ၁၆ရက်နေ့က မင်္ဂလာဧည့်ခံပွဲ လုပ်ခဲ့ပါတယ်။

ဆုပန်ထွာရဲ့မင်္ဂလာဧည့်ခံပွဲမှာတော့ Lazy Club တီးဝိုင်းနဲ့ ဧည့်ခံပြီး သတို့သား သတို့သမီးအရံတွေ၊ လက် စွပ်ဗန်းကိုင်၊ မင်္ဂလာပန်းကြဲအဖြစ် အစ္စဏီ၊ ဟိန်းရတု၊ အေးဝတ်ရည်သောင်း၊ စန္ဒီမြင့်လွင်၊ ဆူဇီ၊ ရတနာမိုင်၊ ခင်လေးနွယ်၊ ခရစ္စတီးနားတို့က ကူညီခဲ့ပါတယ်။

မြန်မာအမျိုးသမီးတိုင်းကို မှာချင်တာက မိသားစုတစ်ခုကို တည်ထောင်တော့မယ် ဆိုတာနဲ့ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုအပြည့်ရှိရမှာဖြစ်သလို ထာဝရတည်မြဲတဲ့အိမ်ထောင်ရေးတစ်ခုဖြစ်ဖို့ လိုတာ
ကြောင့် ရာသက်တိုင်ပျော်ရွှင် ချမ်းမြေ့တဲ့အိမ်ထောင်ရေးကို တည်ဆောက်နိုင်ပါစေလို့ သရုပ်ဆောင် နေအောင်က ဆုတောင်းပေးပါတယ်။

ကိုဥက္ကာကျော်နဲ့ ဆုပန်ထွာတို့ရဲ့ မင်္ဂလာပွဲကို အနုပညာအသိုင်းအဝိုင်းက အစုံအလင်တက်ရောက်ချီးမြှင့် ခဲ့ပြီး မင်္ဂလာပန်းကုံးစွပ်တာ၊ လက်ထပ်လက်စွပ်ဆင်မြန်းတာနဲ့ မင်္ဂလာကိတ်မုန့်လှီးတာတွေ လုပ်ခဲ့ပါတယ်။ အမြဲတမ်း တစ်ယောက်တည်းပွဲတက်ခဲ့ရတဲ့ အစ်မလိုချစ်ရတဲ့ ဆုပန်ထွာတစ်ယောက် ချစ်တဲ့သူနဲ့လက်တွဲ ခွင့်ရလို့ ဝမ်းသာမိပြီး အတူတူ ခရီးတွေသွားခဲ့ရတာတွေက အမှတ်တရရှိပါတယ်လို့ ဆိုလာသူက ပွင့်န ဒီမောင်ပါ။

ဆုပန်ထွာကို အရမ်းလိုချင်ခဲ့တဲ့ ကိုဥက္ကာအတွက် ပိုပြီးဝမ်းသာတယ်လို့ ဆိုလာသူက ချစ်စနိုးဦးပါ။ သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်ခဲ့ကြသူတွေမို့ သက်ဆုံးတိုင် လက်တွဲနိုင်ပါစေလို့ ဆုတောင်းခဲ့ပါတယ်။ နောက်ထပ်တစ်ယောက် ဆုတောင်ပေးသူကလည်း သရုပ်ဆောင် ခင်မို့မို့အေးပါ။

kamayutmedia

မှတ်ချက်များ