သင်္ကြန်တွင်း ကြက်သားရှားနိုင်


ယခုလအတွင်း အသား တိုးကြက်သားပေါက်ထုတ်လုပ်မှု လျော့နည်းခဲ့သဖြင့် သင်္ကြန် ကာလအတွင်း ဈေး ကွက်၌ ကြက်သားရှားလာနိုင်ကြောင်း သတင်းရရှိသည်။

တစ်လလျှင် အသားတိုး ကြက်သားပေါက်ထုတ်လုပ်နှုန်း မှာ ၁၂ သိန်းခန့် ထွက်ရှိမှသာ ရန်ကုန်မြို့ လူထု၏ လစဉ်ကြက်သားစားနှုန်းကို ဖြည့်ဆည်း ပေးနိုင်မည်ဖြစ်ပြီး ယခုလတွင် တစ်ဆယ်ရာခိုင်နှုန်း ဖြစ်သော တစ် သိန်းနှစ်သောင်းလျော့နည်း ခဲ့သည်ဟု မြန်မာနိုင်ငံ မွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ်အကြံပေး ဒေါက်တာသန်း လှကပြောသည်။

‘‘ဒီလိုကြက်ပေါက်ထုတ်နှုန်း လျော့ရင် ဈေးကွက်ရောက်ချိန် နောက်နှစ်လလောက်ဆို ကြက်ရှားနိုင်တယ်’’ဟု
 ၎င်းက ပြောသည်။ ပြည်တွင်းရှိ ကြက်သား ပေါက်ထုတ်လုပ်မှုကျဆင်းပါက ကြက်ပေါက်ဈေးနှုန်းတက်လေ့ ရှိ သော်လည်း ဈေးကွက်တွင် မ ပြောင်းလဲဘဲ ပုံမှန်ရှိနေကြောင်း ဒေါက်တာလှလှသိန်းက ပြော သည်။

ထို့အပြင် စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့ရှိ ကြက်မွေးမြူ ရေးဇုန်တွင် ကြက်ငှက်တုပ်ကွေး ရောဂါဖြစ်နေ
ကြောင်း မွေးမြူရေး နှင့် ကုသရေးဦးစီးဌာနက ဖေဖော် ၀ါရီ ၂၆ ရက်တွင် နိုင်ငံပိုင် သတင်းစာများ၌ တရား ၀င်ကြေ ညာခဲ့သည်။ ထို့ကြောင့် ရန်ကုန် မြို့ပေါ်၌ ကြက်သားစားနှုန်း ထိ ခိုက်နိုင်မည်ကို အသားတိုးကြက် မွေးမြူ၊ ထုတ်လုပ်သူများက စိုး ရိမ်နေကြသည်။

‘‘ပြည်ပကနေ ရက်သားအ ရွယ် ကြက်ပေါက်တွေ အ၀င်များ နေတာဖြစ်မယ်။ ဒီလထဲမှာ ကြက်ပေါက်ဈေး နှုန်း က မတက်၊ မကျ နဲ့ တန်းနေတယ်။ ကြက်သား ထွက်လာချိန်မှာ လက်လီဈေးနှုန်း ပြောင်း၊ မပြောင်း
တော့ မသိသေး ဘူး’’ ဟု ရန်ကုန်တိုင်းဒေသကြီး အသားတိုးကြက်မွေးမြူ၊ ထုတ် လုပ်ရောင်းဝယ်သူများ အသင်း ဥက္ကဋ္ဌကပြောသည်။

ထို့အပြင် တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့တွင် ကြက်ငှက် တုပ်ကွေးရောဂါ ဖြစ်ပေါ်နေသ ဖြင့် ကြက် သားပေါက်များမတင် သွင်းရန် နယ်စပ်မြို့များတွင် စီ စဉ်နေကြောင်း သတင်းရရှိသည်။ ယခင်နှစ်များက ကြက်ပေါက်များ ကို မျိုးအဖြစ်သာသုံးရန် ပြည်ပမှ တင်သွင်းခွင့်ပြုခဲ့ပြီး ယမန်နှစ်မှစတင်ကာ စီးပွားဖြစ် ကြက်သားပေါက်များကို တင်သွင်းခွင့်ပြုပြီး မွေးမြူစေကာ ဈေးကွက်အတွင်း ပြန်ရောင်းချမှုများ ရှိလာခဲ့သည်။ ထိုကြက်အကောင် ပေါက်လေးများမှ ကြက်ငှက်တုပ် ကွေးရောဂါ ပါလာမည်ကို စိုးရိမ် နေကြသည်။

‘‘ဒီမှာလည်း ကြက်ငှက်တုပ် ကွေးရောဂါ(H5N1) ဖြစ်နေတာ က ဖြစ်ရိုးဖြစ်စဉ်ဖြစ်တတ်တဲ့ ပိုး ကိုတွေ့တာ ပါ။ အိန္ဒိယမှာတော့ မသိဘူး။ တရုတ်မှာ ဖြစ်နေတဲ့ H7N9 ဆိုတာလည်း မဟုတ်ပါ ဘူး’’ဟု မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ ကျော်နိုင်ဦးကပြောသည်။

7 Day

မှတ်ချက်များ