မန္တလေးပဋိပက္ခဖြစ်စေတဲ့ လိမ်လည်တိုင်ကြားသူတွေကို ထောင် ၂၁ နှစ်စီချ




မန္တလေးမြို့မှာ ပြီးခဲ့တဲ့နှစ် ဇူလိုင်လက ပဋိပက္ခစတင်ဖြစ်ပေါ်စေခဲ့တဲ့ လိမ်လည်တိုင်တန်းမှုမှာ ပါဝင် ပတ်သက်သူ ၅ဦးကို ပျဉ်းမနားမြို့နယ်တရားရုံးက ထောင်ဒဏ် ၂၁နှစ်စီ ချမှတ်လိုက်ပါတယ်။

လိမ်လည်တိုင်တန်းမှုမှာ ပါဝင်ခဲ့တဲ့ ကိုရဲထွဋ် ခေါ် သူရရဲထွဋ်၊ မနုနုမြတ်၊ မဖြူဖြူမင်း ခေါ် ကတုံးမ၊ ကိုထွန်းထွန်းနဲ့ မအမာနီတို့ကို မမှန်မကန်တိုင်တန်းမှု ပုဒ်မ ၂၁၁၊ အရေးပေါ်စီမံချက်အက်ဥပဒေ ပုဒ်မ ၅(ဃ) (င) (ည)တို့နဲ့ တရားစွဲပြီး အမိန့်ချလိုက်တာဖြစ်ပါတယ်။

မန္တလေးမြို့ ပဋိပက္ခတွေမှာ အမျိုးသား နှစ်ဦးသေဆုံးပြီး ဘာသာရေးအဆောက်အအုံတွေ၊ ဆိုင်ခန်းတွေနဲ့ ကားတွေပျက်စီးခဲ့ပါတယ်။

RFA Burmese

မှတ်ချက်များ