ထိုင်းနိုင်ငံတွင် မျက်နှာတစ်စိတ်တစ်ပိုင်းကို ဖုံးကွယ်ကာ ရင်သားအောက်ပိုင်း ဓာတ်ပုံရိုက်သည့် Underboob Selfie ယဉ်ကျေးမှုထွန်းကားလာပြီး ဖေ့စ်ဘုတ်ကဲ့သို့ လူမှုကွန်ရက် စာမျက်နှာများပေါ်တွင် ဖော်ပြလာခဲ့ကြပြီးနောက် ထိုင်းအစိုးရက ထိုကဲ့သို့ ပြုမူသည့် အမျိုးသမီးများကို ထောင်ဒဏ်ငါးနှစ်အထိ ချမှတ်နိုင်ကြောင်း ကြေညာလိုက်သည်။
လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ထိုကဲ့သို့ ဖော်ပြသည့် မည်သူမဆို ၂ဝဝ၇ ခုနှစ်ကွန်ပျူတာ ရာဇဝတ်မှုအက် ဥပဒေအရ ထောင်ဒဏ်ငါးနှစ်အထိ ချမှတ်နိုင်ကြောင်း ကြေညာလိုက်ခြင်းဖြစ်သည်။
ကွန်ပျူတာအက်ဥပဒေအရ ပြည်သူလူထုအပေါ် စိတ် ပိုင်းဆိုင်ရာ အနှောင့်အယှက်ဖြစ်စေမည့် မည်သည့် အဖော်အချွတ်ဓာတ်ပုံရိုက်ကူးဖော်ပြမှုကိုမဆို ၂ဝဝ၇ ခုနှစ်ဥပဒေအရငြိစွန်းကြောင်း ဖော်ပြထားသည်။
အစိုးရအဖွဲ့အနေဖြင့် ထောင်ဒဏ်ငါးနှစ် ချမှတ် နိုင်ကြောင်း ကြေညာထားသော်လည်း မျက်နှာမဖော် ဘဲ ရင်သားအောက်ပိုင်းတစ်ဝက်ကိုသာ ဓာတ်ပုံရိုက် ကူးသည့် အမျိုးသမီးများကို မည်သူဖြစ်ကြောင်း မည်ကဲ့ သို့အတည်ပြုမည်ဆိုခြင်းနှင့်ပတ်သက်ပြီး အဖြေမရှိသေးကြောင်း ဒေးလီးမေးလ်သတင်းဌာနက ယနေ့ဖော်ပြထားသည်။
ထိုင်းအစိုးရ၏ အထက်ပါ ကြေညာချက်ကို ယဉ်ကျေးမှုဝန်ကြီးဌာနမှတစ်ဆင့် ကြေညာခဲ့ခြင်းဖြစ်သည်။ ''သူတို့ ဒီလိုမျိုးဓာတ်ပုံရိုက်တဲ့အခါ သူတို့ မျက်နှာကိုမမြင်ရပါဘူး။ မျက်နှာမပေါ်တဲ့အတွက် ရှက်စရာမလိုဘဲ တခြားသူတွေကိုပါ အဲဒီလိုလုပ်ဖို့ အားပေးရာရောက်ပါတယ်။ ကျွန်တော်တို့အနေနဲ့ လောလောဆယ်တော့ သတိပေးရုံပဲတတ်နိုင်ပါတယ်။ သူတို့ အဲဒီလိုလုပ်တာ ဥပဒေနဲ့မညီဘူးဆိုတာ သိထား ဖို့နဲ့ ထောင်ငါးနှစ်
လောက်ကျနိုင်တယ်ဆိုတာကို သတိထားမိဖို့ပါ''ဟု ထိုင်းယဉ်ကျေးမှုဝန်ကြီးဌာန မှ ပြောရေးဆိုခွင့်ရှိသူ အနန်ဒါချော်ချိုတီက ရိုက်တာ သတင်းဌာနသို့ ပြောထားသည်။
The Union Daily
The Union Daily
.jpg)
မှတ်ချက်များ