ကျွန်မတို့ရဲ့မျက်နှာက ရုပ်ရည်လှပမှုကိုသာမက အခြားအရေးပါတဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ ကျန်းမာရေး တွေကိုပါ ဖော်ပြပေးနေပါတယ်။ အရစ်စတိုတယ်လ်တို့လို ရှေးခေတ် ဂရိအတွေးအခေါ်ပညာရှင်ကြီးတွေ ရဲ့ လူ့ပုံပန်းသွင်ပြင်နဲ့ စိတ်နေစိတ်ထား စရိုက်ကို စာထဲမှာ ဖတ်ဖူးကြမှာပါ။ သူတို့အဆိုအရတော့ ဆံသား ပျော့ပျောင်းမှု ရှိသူတွေဟာ သတ္တိသိပ်မရှိဘဲ ကြောက်တတ်သူတွေဖြစ်ပြီး ဆံသားကြမ်းသူများဟာ သတ္တိရှိ သူများ ဖြစ်တယ်လို့ဆိုပါတယ်။ နီးမြန်းပြီး မျက်ရစ်ထူကာ ပြူးကျယ်သော မျက်လုံးရှိသူတွေဟာ လူကြီးများ အပေါ် အရိုအသေတန်သူတွေဟု သတ်မှတ်ကြပါတယ်။ နွားနှာခေါင်းပုံနှင့်တူတဲ့ ကျယ်သောနှာခေါင်း ရှိသူများကိုတော့ ပျင်းရိတတ်သူများလို့ ဆိုထားပြန်ပါတယ်။
ယနေ့ခေတ်တော့ စာအုပ်ထဲက အကြောင်းအရာလေးနဲ့ မဆုံးဖြတ်ကြတော့ပါဘူး။ စိတ်ပညာရှင်တွေ ကတော့ သင့်မျက်နှာဟာ ဘယ်လောက်ပင်မာကျောခက်ထန်နေပါစေ သင့်ရဲ့ကိုယ်ရည်ကိုယ်သွေး၊ ကျန်း မာရေး၊ ဥာဏ်ရည်ဥာဏ်သွေးတွေနဲ့ ပတ်သက်ပြီး သုတေသနပြုကာ လျို့ဝှက်ချက်တွေကို ဖော်ထုတ်လာ ပါပြီ။
မျက်နှာပြင် ပိုမိုကျယ်ပြန့်မှု ပိုရှိသူတွေဟာ အဖွဲ့အစည်းဌာနတွေမှာ ရာထူးကြီးကြီးနေရာမျိုး ရရှိသူ များကြောင်း သိရသည်။ အတိုင်းအတာကို သိရှိရန် သင့်ရဲ့မျက်လုံးထိပ်ပိုင်းနှင့် အပေါ်နှုတ်ခမ်းကြား အကွာအဝေးနှင့် နားရွက်အကွာအဝေးနှစ်ခုကိုနှိုင်းယှဉ်ကြည့်ပါ။ အကျယ်၊အမြင့် အချိုးပျမ်းမျှသည် ၂ခန့်ရှိ မည်။အမေရိကန် သမ္မတ လင်ကွန်း၏ မျက်နှာပြင်အချိုးသည် ၁.၉၃ ခန့်ရှိသည်။
ပညာရှင်များအဆိုအရ ကျန်းမာခြင်း မကျန်းမာခြင်းသည် သင်ဘယ်လောက် အဆီရှိသလဲဆိုတဲ့ အချက် တွင်မူ မတည်ဘဲ အဆီတွေဟာ သင့်ရဲ့ ဘယ်နေရာမှာ ပိုများကြောင်းနဲ့သာ သက်ဆိုင်ပါတယ်။ တင်ပါး
အောက် ပိုင်းကြီးတဲ့ သစ်တော်သီးပုံ ကိုယ်ခန္ဓာရှိတဲ့ လူတွေဟာ ၀မ်းဗိုက်မှာ အဆီပိုများတဲ့ ပန်းသီးပုံ ကိုယ်ခန္ဓာ ရှိသူတွေထက် ပိုမိုကျန်းမာကြကြောင်း သိရသည်။
ဒါ့အပြင် သင့်လူနေမှုဘ၀ပုံစံ၊ တွေးခေါ်၊ပြုမူ၊ခံစားမှုနဲ့ ရုပ်ရည်သွင်ပြင် ပြောင်းလဲလာမှုတွေဟာလည်း ဆက်စပ်မှု ရှိနေကြောင်း စိတ်ဝင်စားဖွယ်တွေ့ ရှိရပါတယ်။
ကျွန်မတို့မျက်နှာပြင်ဟာ ဇီဝဖြစ်စဉ်ရဲ့ ထုတ်ကုန်တွေပဲ မဟုတ်ပါဘူး။ ကျွန်မတို့ရဲ့ဟော်မုန်း၊ မျိုးဗီဇကို ပြောင်းလို့ မရပေမယ့် မိမိရဲ့ အတွေးအခေါ်၊ အယူအဆ ကောင်းမွန်လာအောင် ပျိုးထောင်နိုင်ပါတယ်။
ကြည်ပြာ - Trend Myanmar
ဒါ့အပြင် သင့်လူနေမှုဘ၀ပုံစံ၊ တွေးခေါ်၊ပြုမူ၊ခံစားမှုနဲ့ ရုပ်ရည်သွင်ပြင် ပြောင်းလဲလာမှုတွေဟာလည်း ဆက်စပ်မှု ရှိနေကြောင်း စိတ်ဝင်စားဖွယ်တွေ့ ရှိရပါတယ်။
ကျွန်မတို့မျက်နှာပြင်ဟာ ဇီဝဖြစ်စဉ်ရဲ့ ထုတ်ကုန်တွေပဲ မဟုတ်ပါဘူး။ ကျွန်မတို့ရဲ့ဟော်မုန်း၊ မျိုးဗီဇကို ပြောင်းလို့ မရပေမယ့် မိမိရဲ့ အတွေးအခေါ်၊ အယူအဆ ကောင်းမွန်လာအောင် ပျိုးထောင်နိုင်ပါတယ်။
ကြည်ပြာ - Trend Myanmar

မှတ်ချက်များ