သဖန်းသီးရဲ့ အံ့မခန်းဖွယ် ကျန်းမာရေး အကျိုးကျေးဇူးများ


သဖန်းသီးဟာ ရာသီအလိုက် သီးတဲ့ အသီးဖြစ်ပေမယ့် အခြောက်လုပ်ထားရင် တစ်နှစ်ပတ်လုံး ရရှိနိုင်ပါ တယ်။ အခြောက်ပုံစံနဲ့ဆို ပိုစားလို့ေ ကာင်းပါသေးတယ်။ နောက် သူ့မှာ ဗီတာမင်-အေ၊ ဗီတာမင်-ဘီနဲ့ ဖော့စဖရတ်၊ ကယ်လ်ဆီယမ်ဓာတ်၊ သံဓာတ်နဲ့ မန်ဂနိကဲ့သို့သော သတ္တုဓာတ်တွေ ပါဝင်ပါတယ်။ သဖန်းသီးရဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကတော့

၁။ ပါးစပ် ခံတွင်းအနံ့ဆိုးဖျောက်ဖို့

သဖန်းရွက် ၂ရွက် ၃ရွက်လောက် ဝါးခြေပြီး ရေနဲ့ ပလုတ်ကျင်းပေးပါ။

၂။ ဖိုမသဘာဝ အားစေကောင်းခြင်း

သဖန်းသီးက ဖိုမသဘာဝအားနည်းခြင်းမှ တိုးပွားစေဖို့ ရှေးရိုးကုထုံးတစ်ခုဖြစ်ပါတယ်။ သဖန်းသီး ၄- ၅လုံးကို နွားနို့နဲ့ တစ်ညစိမ်ပြီး နောက်နေ့မနက်စားပေးပါက ဖိုမသဘာဝအားနည်းမှုကို ကျော်လွှားနိုင် ပါတယ်။

၃။ ကျောက်ကပ် ကျောက်သယ်ခြင်း

ခွက်တစ်လုံးနဲ့ သဖန်းသီး (၅) လုံးပြုတ်ပေးပါ။ အဲ့ဒါကို နေ့တိုင်း အနည်းဆုံး (၁)လ စားပေးပါ။

၎။ ဝက်ခြံပျောက်ကင်းအောင် ကုသနိုင်ခြင်း

ကြိတ်ချေထားတဲ့ သဖန်းသီးနဲ့ မျက်နှာကို လိမ်းပေးပြီး ၁၅- ၂၀ မိနစ် အခြောက်ခံထားပါက ဝက်ခြံ ပျောက်ကင်းစေပါတယ်။

၅။ ဆီးချိုရောဂါ ပျောက်ကင်းအောင် ကုသခြင်း

သဖန်းသီးမှာ ပိုတက်စီယမ်ဓာတ် ပေါကြွယ်ဝတာကြောင့် သွေးထဲရှိ သကြားဓာတ်တွေကို လျော့ကျစေပါ တယ်။ ဆီးချိုရောဂါကာကွယ်ဖို့ သဖန်းသီးစေ့ကို ပျားရည်ရောပြီး နေ့တိုင်းစားပေးပါ။ တစ်ပတ်လောက် ကြာရင် ထိရောက်မှုရှိမရှိ သိသာလာပါလိမ့်မယ်။

၆။ အရိုးအဆစ်သန်မာစေခြင်း

သဖန်းသီးမှာ ကယ်လ်စီယမ်ဓာတ်ကောင်းစွာ ပါဝင်တာကြောင့် အရိုးအဆစ်ကို သန်မာစေပါတယ်။

၇။ ရေကျောက်အတွက် ကောင်းခြင်း

ရေကျောက်စစဖြစ်ချင်း သဖန်းသီးနဲ့ ကုနိုင်တယ်။

၈။ အလေးချိန်လျော့ချခြင်း

သဖန်းသီးမှာ ကိုယ်အလေးချိန်လျော့ကျစေနိုင်တဲ့ အမျှင်ဓာတ် အတင့်အသင့်ပါဝင်တယ်။

၉။ လည်ချောင်းနာရောဂါ

သဖန်းသီးခြောက်နဲ့ ပျားရည်ကို ရေရောပါက လည်ချောင်းနာရောဂါကို ပျောက်ကင်းစေပါတယ်။

၁၀။ ဝမ်းချုပ်ခြင်း

သဖန်းသီးခြောက် ၂- ၃ လုံးကို ပျားရည် ထမင်းစားဇွန်း (၁) ဇွန်းနဲ့စိမ်၍ စားပေးပါ။ အဲ့ဒါကို တစ်လခန့် အဆက်မပြတ်လုပ်ပေးပါ။

Victor - Trend Myanmar

မှတ်ချက်များ