အိုဘားမား တူမ ဘတ်စ်ကတ်ဘောသမား သေနတ်ဖြင့် ခြိမ်းခြောက်ခံရ
အမေရိကန် ပြည်ထောင်စု သမ္မတ အိုဘားမာရဲ့ တူမ ဘတ်စ်ကတ်ဘော သမားကို သေနတ်နဲ့ ခြိမ်းခြောက်တာကို ခံရတယ်လို့ ရဲတွေက ပြောပါတယ်။
အိုဘားမားရဲ့ တူမ လက်စလီရော်ဘင်ဆန်ကစားနေတဲ့ ပရင့်စတန် အသင်း ရဲ့ကစားပွဲမစခင် သေနတ် ကိုင်ထားတဲ့လူတယောက်က မာရီလန် တက္ကသိုလ် ထဲကို မတ် ၂၃ ရက်က ၀င်သွားခဲ့တာကို သတင်းပေး ခဲ့တယ်လို့ ယူအက်စ် တူဒေးက ရေးပါတယ်။
၈ မိနစ်ကြာ အသံသွင်းထားတဲ့ ဖုန်းမက်ဆေ့ခ်ျက အသင်းရဲ့ ဌာနကို သတင်း ပေးခဲ့တာ ဖြစ်ပြီး ခြိမ်းခြောက် မှု အသေးစိတ်ကို ပြောဆိုထားပါတယ်။
စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့အပြီးမှာတော့ ဒီဖြစ်ရပ်ဟာ မှားယွင်းတဲ့ ဖြစ်ရပ် တခု အဖြစ် ရဲတွေက ပြောဆိုခဲ့ပါတယ်။
ပရင့်စတန် အသင်းနည်းပြကတော့ ရော်ဘင်ဆန်က ဘေးကင် လုံခြုံတယ်လို့ ပြောပါတယ်။
လက်စလီ ရော်ဘင်ဆန်ဟာ မဲရှစ်အိုဘားမားရဲ့ အကို ကာရစ် ရော်ဘင် ဆန်ရဲ့ သမီး ဖြစ်ပါတယ်။



မှတ်ချက်များ