ကလေးများကစားနေသည့် ဗွီဒီယိုများကို အွန်လိုင်းတင်သည့်မိဘများ နှစ်စဉ် ဒေါ်လာ ၁ သန်း ၀င်ငွေရ
ကလေးများ ကစားနေသည့် ဗွီဒီယိုဖိုင်များကို အင်တာနက် စာမျက်နှာယူကျူ့ တွင် တင်တဲ့အတွက် ကြော်ငြာတွေကနေ နှစ်စဉ်ဒေါ်လာ သန်းနဲ့ချီရတယ်လို့ မိဘ ၂ ဦးက ပြောပါတယ်။
အသက် ၅ နှစ်အရွယ်သား၊ အသက် ၃ နှစ်အရွယ်သမီးနဲ့ ၅ လအရွယ် သမီးတို့ရဲ့ကစားနေတာကို ရိုက်ကူး ထားပြီး မတ်ခ်နဲ့ ရီးရာတို့က Hulyan Maya ဆိုတဲ့ ယူကျူ့ အကောင့်နဲ့ တင်ရာမှာ လက်ရှိ ကြည့်ရှုသူ ၃ သန်း ရှိနေပါတယ်။
၂၀၁၄ မှာတော့ ယူကျူကရတဲ့ ၀င်ငွေက အလွန်ကို မြင့်တက်လာခဲ့သလို ၂၀၁၀ ကနေ ၂၀၁၄ ခုနှစ်မှာ ဒေါ် လာ သန်းနဲ့ ချီရခဲ့တယ်လို့ မတ်ခ်က ပြောပါတယ်။
၂၀၀၇ ခုနှစ်မှာ ယူကျူ့ ချာနယ်ကို စတင်အသုံးပြုခဲ့ပြီးနောက် ၃ နှစ်ကြာမှ ဗွီဒီယိုဖိုင်တွေကို ဝေမျှခဲ့တာ လို့ ပြောပါတယ်။
၂၀၁၃ ခုနှစ်မှာ ရိုက်ကူးခဲ့တဲ့ ၈ မိနစ် ဗွီဒီယိုက လူကြည့်များခဲ့ပြီး ၁၅.၅ သန်း ကြည့်ရှုခဲ့တယ်လို့ ဆိုပါတယ်။
ဒီနှစ်မှာတော့ သူတို့တွေက ဒေါ်လာ ၁.၅ သန်းလောက် ရမယ်လို့လည်း ဆိုပါတယ်။ ယူကျူမှာ အချိန်ပြည့် လုပ်နိုင်အောင် မိဘ ၂ ဦးက အလုပ်ထွက်ခဲ့ပြီး လက်ရှိမှာတော့ ဗွီဒီယိုရိုက်ပြီး နေစဉ် အနည်းဆုံး ဗွီဒီယိုဖိုင် ၂ ခုလောက် ဖြန့်ဝေနိုင်အောင် လုပ်ဆောင်နေပါတယ်။
လက်ရှိမှာတော့ ကလေး ၃ ယောက်လုံးကို တက္ကသိုလ်ပို့နိုင်အောင် လုံလောက်တဲ့ ငွေရှိပြီလို့ ဆိုပါတယ်။
DVB

မှတ်ချက်များ