ထီရုံးမှ လူများ အားလုံးသည် CCTV မှတ်တမ်းများ အရ ထိုလူသည် အမှန်တစ်ကယ် ထီပေါက်သူမှန်း ယုံ ကြည်သော်လည်း သူ့လက်ထဲတွင် ထီလက်မှတ် ရှိမနေခဲ့သောကြောင့် ကံဆိုးသူ ဖြစ်ခဲ့ရပါတယ်။ ရုံးမှ ပြောကြားချက်အရ California lottery winner သည် ထီလက်မှတ် ပျောက်ဆုံးသွားသောကြောင့် အမေရိကန် ဒေါ်လာ ၁မီလီယံကို ဆုံးရှုံးခဲ့ရပါတယ်။
ထီရုံးမှ ထိုလူသည် အမှန်တစ်ကယ် ထီပေါက်သူဖြစ်ကြောင်းကို Los Angeles ရှိ စူပါမားကတ်တစ်ခုမှာ ထီဝယ်ခဲ့သည့် ဗီဒီယို မှတ်တမ်းများ အရ ဟုတ်မှန်ကြောင်း သိရှိခဲ့ရပါတယ်။ သို့ပေမယ့် စည်းမျဉ်းများအရ ထီလက်မှတ် လက်ဝယ်ရှိသူ ကိုသာ ဆုငွေထုတ်ပေးမှာ ဖြစ်ပါတယ်။ ထီပေါက်သူ အနေဖြင့် လည်း ပေါက် သည့်နေ့မှ ရက်ပေါင်း ၁၈၀ အတွင်း ဆုငွေ ထုတ်ယူနိုင်မှာ ဖြစ်ပါတယ်။
Thithtootwin
မှတ်ချက်များ