နည်းပြဘ၀ ပွဲပေါင်း ၆၀၀ ကျော်တွင် ဘင်နီတက်ဇ် ပထမဆုံး အကြိမ် အနီကတ်ပြခံရ


ပြီးခဲ့သည့် တနင်္ဂနွေနေ့က အတ္တလန္တာနှင့် တစ်ဂိုးစီ သရေကျခဲ့ သည့်ပွဲတွင် နာပိုလီ နည်းပြ ဘင်နီတက်ဇ် သည် နည်းပြဘ၀ ပွဲပေါင်း ၆၀၀ကျော်အတွင်း ပထမဆုံး အကြိမ်အဖြစ် အနီကတ်ပြခံ ခဲ့ရသည်။

အတ္တလန္တာဘက်မှ ပင်နီလာသည် နာပိုလီနောက်ခံလူ ဟင်းနရစ် ကိုတွန်းပြီး ဂိုးသွင်း ယူသွားခြင်း အပေါ်ဒေါသဖြစ်နေသာ ဘင်နီတက်ဇ် သည်ဒိုင်လူကြီး ကိုစောဒက တက်ခဲ့သောကြောင့် အနီကတ်ပြခံ ရခြင်းဖြစ်သည်။

"ကျွန်တော့်ရဲ့ နည်းပြဘ၀မှာ အ၀ါကတ်တောင် တစ်ခါမှ အပြမခံရ ဖူးပါဘူး။ ပြီးတော့နားလည်မှုလွဲတဲ့ အပေါ် သူတို့ဘာကြောင့်အနီကတ်ပြ လိုက်သလဲ ဆိုတာ ကို ကျွန်တော် မရှင်းပြ တတ်ဘူး။

တတယ်လို့ကျွန်တော်ဒေါသဖြစ်နေတယ်ဆိုရင်လည်း နည်းပြဘ၀တစ်လျှောက် ပွဲပေါင်း ၆၀၀ကျော်အတွင်း တစ်ခါမှ အ၀ါကတ်တောင် အပြမခံ ရဖူးလို့ ပါဆိုတဲ့ အကြောင်းပြချက်က သင့်တော်မယ် ထင်ပါတယ်။ မျှတဲ့ဆုံးဖြတ်ချက် မဟုတ်ဘဲပွဲရဲ့ လွှမ်းမိုးမှုတွေ ပါဝင်နေတယ်"ဟု ဘင်နီတက်ဇ် ကပြောကြားခဲ့သည်။

ဆက်လက်၍၎င်းက ဒိုင်လူကြီးအဖွဲ့ ကိုခြောက်ယောက် ထားခြင်းမှာ မလုံလောက်ကြောင်း၊ ရှစ်ယောက် ထားလျှင် ပိုကောင်း မည်ဖြစ်ကြောင်းနှင့် အချို့ဆုံးဖြတ် ချက်များမှာ ရှင်းပြ၍မ ရကြောင်းပြော ကြားခဲ့သည်။

ဝေဘုန်းလူ - Mizzima

မှတ်ချက်များ