ခင်လပြည့်ဇော် ပြောတဲ့ ကာရိုက်တာ ရွေးချယ်မှု

မော်ဒယ်သရုပ်ဆောင် တစ်ဦး ဖြစ်သော ခင်လပြည့်ဇော်က သူ၏ ကာရိုက်တာ ရွေးချယ်မှု အမြင်မှာ အသက်အရွယ်က အဓိက ကျကြောင်း ပြောသည်။ ကိုယ့်ရဲ့ အသက်အရွယ်က လည်း ကာရိုက်တာပိုင်းမှာ အရမ်းစိုးမိုး သွားတယ်လို့ ထင်ပါ တယ်။

တခြား အနုပညာရှင်တွေ ကတော့ ဘယ်လို ယူဆလဲ မသိ ဘူး။ ပြောရမယ် ဆိုရင် (၁၆၊ ၁၇) နှစ်လောက်ရှိတဲ့ကလေး
တွေကို ကလေးအမေ၊ ကလေးအဖေ အခန်းတွေမှာ သရုပ်
ဆောင်ခိုင်းမယ် ဆိုရင်ဘယ်လိုမှ မလိုက်ဖက် သလို၊ ကိုယ် တာဝန်ယူရတဲ့ ကာရိုက်တာ အပေါ်မှာလည်း တာဝန်မကျေ ပွန်ရာ ကျပါတယ်။ ဒီလိုပဲ အရမ်း အသက်ကြီးတဲ့ လူတွေ (၃၅-၄၀) နှစ်အထက်တွေ ကိုလည်း ကျောင်းသူ၊ ကျောင်း သား အခန်းလေးတွေ မှာ သရုပ်ဆောင်ခိုင်းမယ် ဆိုရင် လည်း သရုပ်ဆောင်လိုက်လို့ သာ ရသွားမယ်။

ဒါပေမဲ့ ပရိသတ် အမြင်မှာတော့ ကျောင်းသူ၊ ကျောင်းသားတွေ လို့လည်း မြင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ကိုယ့်အသက်အရွယ်နဲ့ လိုက်မယ့် ဇာတ်၊ ကာရိုက်တာတွေ ကနေပဲ ပရိသတ်တွေ အတွက် Message တစ်ခုခုပေးနိုင်မယ့် ဇာတ်တွေကိုပဲ ရွေးချယ်ရိုက်ကူးသွားမှာပါ ဟု ခင်လပြည့်ဇော်က ပြောသည်။ ခင် လပြည့်ဇော်သည် လက်ရှိ ကြော်ငြာများနှင့် ဗွီဒီယိုကားများ လက်ခံရိုက်ကူး သွားရန်ရှိကြောင်းနှင့် မဂ္ဂဇင်း၊ ဂျာနယ်များ တွင်လည်း Photo Model အဖြစ် ရိုက်သွားရန် ရှိကြောင်း ပြောသည်။

messenger

မှတ်ချက်များ