ရေယာဉ်သစ်တွေဝယ်ယူပြေးဆွဲဖို့ စစ်တွေမှာ သံဃာနှစ်ပါး ဆန္ဒပြတောင်းဆို


ရခိုင်ပြည်နယ်မှာ အစိုးရအနေနဲ့ ဒေသခံတွေရဲ့ အသက်အန္တရာယ်လုံခြုံစေမယ့် ရေယာဉ်တွေကို ဝယ်ယူ
ပြေးဆွဲပေးဖို့ မြို့ခံသံဃာတော် ၂ ပါးက စစ်တွေမြို့မှာ ဒီနေ့ လမ်းလျှောက်ဆန္ဒပြတောင်းဆို ကြပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၃ ရက်နေ့က လူပေါင်းခြောက် ဆယ်လောက် သေဆုံးခဲ့တဲ့ အောင်တံခွန် အမှတ် (၃) ရေ ယာဉ်နစ်မြုပ်တဲ့ ဖြစ်စဉ်မျိုး နောက်ထပ်မဖြစ် ရအောင် ဆောင်ရွက်ဖို့ အစိုးရမှာ တာဝန်ရှိတယ်လို့ လမ်း
လျှောက်ဆန္ဒပြ သံဃာတော်တစ်ပါးဖြစ်တဲ့ ဦးစက္ကိန္ဒ က ပြောပါတယ်။

“အောင်တံခွန် (၃) သင်္ဘောဟာ တအားကြီးကို အိုဟောင်းပြီးတော့ကို ကျောက်ဖြူကထွက်လာ ကတည်းက သင်္ဘောကအပေါက်ကြီး အဲ့ဒီ အပေါက်ကြီးမှာ ရခိုင်လူမျိုးတွေ ရာနဲ့ချီနေ ပြီးတော့ ရှိလာခဲ့ရတယ်၊ အဲ့ဒီမှာ လည်း သင်္ဘော လက်မှတ်ရောင်းရတာက တစ်အုပ်စု လက်မှတ်မပါပဲတင်လာတာက တစ်အုပ်စု၊ နောက် ပြီးတော့ အဲ့လောက်သင်္ဘောအပေါက်ကြီးနဲ့ လှိုင်းလေတွေကြီးတဲ့ ပင်လယ်တွေကိုဖြတ်တယ်ဆိုတာ သေ မင်း ဆီကိုဦးတည်ပြီးတော့ သွားနေသလိုမျိုးတွေ့ရတယ်၊ အဲ့လိုမျိုးတွေ ရခိုင့်လူမှုဘဝတွေမှာ မကြုံလာ ရအောင် အောင်တံခွန်(၃) နစ်မြုပ်မှုကို ဆန္ဒထုတ်ဖော်တာဖြစ်တယ်”

ရခိုင်ပြည်နယ်မှာ အစိုးရကတာဝန်ယူပြေးဆွဲနေတဲ့ ရေကြောင်းခရီးစဉ်တွေမှာ လုံခြုံစိတ်ချရ တဲ့ ခေတ်မီ ရေယာဉ်တွေနဲ့ အစားထိုးပြေးဆွဲဖို့၊ ရေယာဉ်တွေမှာ ဆက်သွယ်ရေးစနစ်နဲ့ ခရီးသည်တွေရဲ့ အသက် အန္တရာယ် လုံခြုံရေးအတွက် ကယ်ဆယ်ရေးပစ္စည်းတွေကို လုံလောက်စွာထားရှိပေးဖို့ စတဲ့အချက်တွေ ကိုလည်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ထံ စာပေးပို့တောင်းဆိုသွားမယ်လို့ သိရပါတယ်။

RFA

မှတ်ချက်များ