သိတဲ့လူနည်းမယ့်အငဲ ရဲ့  "ကိုး" အယ်လ်ဘမ်ထဲကအကြောင်းအရာတစ်ချို့ 


ကိုကြီးငဲ ဟာ သူ့ရဲ့  ပထမဆုံးသောကိုယ်ပိုင်သံစဉ်အခွေ Title ကိုအနုပညာနာမည်ဖြစ်တဲ့ "အငဲ" နာမည်နဲ့ထွက်ရှိဖို့ စီစဉ်ခဲ့တာ ဖြစ်ပါတယ်။အဲဒီအကြောင်းအရာနဲ့ ပတ်သက်လို့လည်းအခုလို ပြောပြခဲ့ဖူး ပါတယ်။

"ဘာရယ်မဟုတ်ပါဘူးဗျာ။အယ်လ်ဘမ်လိုက်ဆိုရင် ပထမဦးဆုံးကိုယ်ပိုင်သံစဉ်ခွေမို့ အမှတ်တရ မှတ်တိုင် အဖြစ် By Name နဲ့ Titleပေးပြီး ထွက်ဖို့ စီစဉ်ခဲ့တာပါ။ကျွန်တော့်ရဲ့  Music Life Diary မှာ အမှတ်တရပေါ့"

လက်ရှိအချိန်ထိ ကိုကြီးငဲ ရဲ့  အမာခံပရိသတ်တွေနှစ်သက်နေရဆဲဖြစ်တဲ့ "ကိုး" အယ်လ်ဘမ်(Album Title ကို "အငဲ" နာမည်နဲ့ ထွက်ရှိဖို့စီစဉ်ခဲ့တဲ့ပထမဦးဆုံး ကိုယ်ပိုင်သံစဉ်အခွေ)အဆိုပါ အယ်လ်ဘမ်ကို ပရိ သတ်ရှေ့ မှောက်ချပြဖို့ကြန့်ကြာခဲ့မှုအပေါ် ကိုကြီးငဲ ကအခုလို ပွင့်ပွင့်လင်းလင်းစကားဆိုခဲ့ဖူးပါတယ်။

(ကိုကြီးငဲ လိုမျိုး အင်းသားတစ်ယောက်ရဲ့  ရိုးရှင်းမှုဟာကျွန်တော်တို့ကို ပျော်ရွှင်မှုတွေ ပေးနိုင်တာ အမှန်ပါ)

"ဘယ်နေရာမှ အားမနာတတ်သလိုလိုနဲ့နေရာတကာ အားနာလို့ ကျွန်တော့် Band တူညီအစ်ကိုတွေက ကျော်ကျော်တက်ပြီးလုပ်သွားလို့ပါ။အခုတောင် အရင်းခေါက်ခေါက် လေးဖြူကသူ့အခွေ Harmony မပြီး ခင်Mixdown အတွက် Ready ဖြစ်နေတဲ့ကျွန်တော့်ကို ဇွတ်ကျော်ပြီး သူ့အခွေအရင်ထွက်မယ်ဆိုပြီး အနိုင်ကျင့်သွားလို့။မောင်မောင်ဇော်လတ် သီချင်းလိုပေါ့။'ရပ်စောင့်နေရတယ်နေရာတကာ ရပ်စောင့်နေရ တယ် 'ကုန်ကုန်ပြောမယ်ဗျာ။ ရေး၊ တီး၊ စတူဒီယို - ယုတ်စွအဆုံးဆိုဖို့တောင် ကိုယ်တစ်ယောက်တည်း Ready ဖြစ်နေတာတောင်Date ကို ရပ်စောင့်နေရပြန်ရောလေ။ဒါပေမယ့် သီချင်းလေးတွေ ရုပ်လုံးပေါ် လာတော့ဆွဲပြီးစ ပန်းချီကားလေးလို အရသာခံရင်း ပျော်ပါတယ်။စောင့်ရတာ တန်ပါတယ်လို့ပဲ မချင့်မရဲ ပြောပါရစေဗျာ"

အရင်တုန်းက အငဲ ဆိုနေကျMusic လမ်းကြောင်းအတိုင်းပဲ"ကိုး" အယ်လ်ဘမ်က ဆက်စီးဆင်းမှာလား ဆိုတဲ့မေးခွန်းအပေါ်မှာရော ကိုကြီးငဲ ရဲ့ အဖြေကလည်း ရှင်းရှင်းလေးပါပဲ။"အေးဗျ။ ခင်ဗျားပြောသ လိုတော့ နီးစပ်ပါတယ်။ ကမ္ဘာကျော်တွေလောက်Arrangement မလုပ်တတ်တော့လုပ်တတ်သလောက်ပဲ ထွက်လာ မှာပါ။လုပ်တတ်မှတော့ ကမ္ဘာကျော်နေမှာပေါ့ဗျာ"

"ကိုး" အယ်လ်ဘမ်ဟာ အငဲ ရဲ့  ပထမဆုံး ကိုယ်ပိုင်သံစဉ်အခွေဖြစ်နေတော့ ဘယ်သူတွေကရော ဘယ်လို မျိုး အကူအညီတွေ ပေးခဲ့ကြလဲ၊အငဲ ကရော ဘယ်လောက်အထိ ပြင်ဆင်ခဲ့ရလဲ ဆိုတဲ့ မေးခွန်းနဲ့ ပတ် သက်ပြီး ကိုကြီးငဲ ရဲ့  အဖြေတွေက??

"ဘယ်သူတွေက ဘယ်လိုမျိုး ကူညီကြသလဲဆိုတော့တေးရေးတွေကတော့ အဓိက အနီးကပ် ကူညီပါ တယ်။တန်းစီပြောရရင် Demo, Player,Studio က အစ Main Band အထိပေါ့။Track Engineer ဖြစ်လျက်နဲ့ကော်ဖီဖျော်ပေးတဲ့ မိုးကြီး၊ ကြွက်။အားလုံး ဝိုင်းဝန်းကြပါတယ်။ အားလုံးက အမျိုးတွေထက် ရင်းနှီးတဲ့ညီအစ်ကိုဘော်ဒါကဏ္ဍတွေပါ။နားထောင်၊ ချီးကျူး၊ ကဲ့ရဲ့ ၊ ရှုံ့ ချပြင်ဆိုခိုင်းတာကတော့ လေးဖြူပေါ့။သူက နေရာတကာ ဝါပိုရင့်တော့သူ့အကြံဥာဏ်ယူပါတယ်။ပေါ့ပျက်ပျက်တော့ မဟုတ်ရပါဘူးဗျာ။ရင်ဘတ်ကြီးတစ်ခုလုံး ရင်းနှီး၊ခေါင်းကြီးတစ်ခုလုံး မီးတောက်ပြီးလောဘတကြီး လုပ်ရတာရော။အနေတော်လောက်ဖြစ်အောင် လောဘလျှော့ရတာရော။Music ဆိုတဲ့ သဘောတရားအတိုင်းပါပဲ"

မှတ်ချက်များ