![]() |
| အင်ဒိုနီးရှား ရဲချုပ်က သြစီအကျဉ်းသားနဲ့ လေယာဉ်ပေါ် ရိုက်နေပုံ |
အဲဒီအတွက် အင်ဒိုနီးရှား သံအမတ်ကို ဆင့်ခေါ်ပြီး ဒီလုပ်ရပ်ကို ကန့်ကွက်ကြောင်း တရားဝင် ပြောဆို လိုက်ပါတယ်။
ဝန်ကြီး ခရစ္စတိုဖာ ပိုင်း က ဒီလို လုပ်ရပ်ဟာ မသင့်တော်တဲ့ လုပ်ရပ်ဖြစ်တာကြောင့် ဒီကိစ္စကို ပြတ်သားစွာ ပြောဆိုရတာဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးက အင်ဒိုနီးရှား သံအမတ်ကို မနေ့ညက ဆင့်ခေါ်ပြီး အင်ဒိုနီး ရှားရဲအရာရှိရဲ့ လုပ်ရပ်ကို ရှုတ်ချခဲ့တယ်လို့ ပြောသွားခဲ့ပါတယ်။
မကြာခင် ပစ်သတ်ခံရတော့မယ့် သူတွေကို ဓာတ်ပုံရိုက်တာဟာ လေးစားမှုမရှိသလို လူ့ဂုဏ်သက္ခာကို မငဲ့ရာ ရောက်တယ်လို့လည်း သြစတြေးလျ နိုင်ငံ ဝန်ကြီးချုပ် တိုနီအာဘော့တ်က ပြောပါတယ်။
လေယာဉ်ပေါ် ထိုင်နေတဲ့ အကျဉ်းသားတွေနဲ့ ဓာတ်ပုံ တွဲရိုက်ခဲ့တဲ့ အင်ဒိုနီးရှား ရဲအရာရှိကတော့ အကျဉ်း သားတွေ စိတ်သက်သာရာ ရအောင် စကားစမြည် ပြောဆိုတုန်း ဓာတ်ပုံ ရိုက်ခဲ့ခြင်းသာ ဖြစ်တယ်လို့ ပြောပါတယ်။
သူဓာတ်ပုံ ရိုက်တာကို အကျဉ်းသားတွေတောင် မသိခဲ့ဘူးလို့ ရှင်းပြပါတယ်။
အဲဒီ အကျဉ်းသားတွေဟာ မူးယစ်ဆေးဝါ ကုန်ကူးမှုနဲ့ မကြာခင်မှာ ပစ်သတ်ခံရမယ့် လူတွေ ဖြစ်ကြပါ တယ်။
ထောင်ပြောင်းနေစဉ် လမ်းခုလတ်မှာ ဓာတ်ပုံ တွဲရိုက်တာကို သြစတြေးလျက မကျေမနပ် ဖြစ်နေသလို ဒီအကျဉ်းသားတွေကို ထောင်ပြောင်းရာမှာလည်း မလိုအပ်ပဲ လုံခြုံရေး အင်အား အများအပြား ချထားတဲ့ အပေါ် ဝေဖန်လိုက်ပါတယ်။
ဒီအကျဉ်းသားတွေကို ထောင်ပြောင်းတဲ့အခါမှာ ရဲအင်အား အမြောက်အများသုံးပြီး ရဟတ်ယာဉ်တွေ၊ လေယာဉ်တွေပါ အသုံးပြုခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် အကျဉ်းသားတွေကို ပစ်သတ်ဖို့ အင်ဒိုနီးရှားက သေနတ်ပစ်တာကို လေ့ကျင့်စမ်းသပ်နေတယ် ဆိုတဲ့ သတင်းအပေါ်မှာလည်း သြစတြေးလျနိုင်ငံသားတွေက အမျက်ဒေါသ ထွက်နေကြပါတယ်။
အခုလောလောဆယ် အချိန်အထိ ဒီအကျဉ်းသားတွေကို ဘယ်နေ့မှာ ပစ်သတ်မယ်ဆိုတာကို မသိ ရသေးပါဘူး။
ABC Radio Australia
.jpg)
မှတ်ချက်များ