ရိုးရှင်းထိရောက်တဲ့ အိမ်တွင်းဆားဝက်ခြံကုထုံး
ဆားဝက်ခြံတွေမှာ နှာခေါင်း၊ ပါးပြင်၊ လည်ပင်းနဲ့ တစ်ခါတစ်လေ ပုခုံးမှာတောင် ပေါက်တတ်ပါတယ်။ ဆားဝက်ခြံက လူကိုရုပ်ဆိုးစေပြီး လူတွေကလည်း ၄င်းတို့ကို အလွယ်ဆုံး ဖယ်ရှားနည်းကို လူတွေ ရှာကြံနေကြပါတယ်။
ဆားဝက်ခြံကြောင့် ချွေးပေါက်ပိတ်ဆို့ပြီး အများအားဖြင့် အာဟာရချို့တဲ့ခြင်း၊ ဟော်မုန်းမညီမျှခြင်း၊ အသား အရေ အဆီပြန်ခြင်းနဲ့ ဆံပင်အဆီပြန်တို့ကြောင့် ဖြစ်တတ်ပါတယ်။
အလွန်ရိုးရှင်းတဲ့ သဘာဝ ပစ္စည်း (၂) မျိုးတည်းကို သုံးကြည့်ပါ။
၁/၂ သံပုယိုသီး
ပျားရည် (အစက်အနည်းငယ်)
ဖော်စပ်နည်း
သံပုယိုသီးခြမ်းမှာ ပျားရည်စက် အနည်းငယ်ချပြီး မျက်နှာပေါ် ညင်သာစွာ ပွတ်လိမ်းပေးပါ။ ဝက်ခြံဖြစ်နေတဲ့ နေရာကို အထူးဂရုစိုက် လုပ်ပေးရပါမယ်။
၅ - ၇ မိနစ်ကြာပြီးရင် မျက်နှာကို ရေနဲ့ ဆေးချပါ။ အမြဲတမ်း ရေအေးသုံးဖို့လည်း သတိရပါ။ ပထမဆုံး အကြိမ်မှာတောင် အသားအရေ နူးညံ့ပြီး တောက်ပြောင်လာတဲ့ တိုးတက်မှုတစ်ချို့ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ လိုအပ်ပါက နောက်ပိုင်းလည်း ထပ်လုပ်ပေးပါ။
Trend Myanmar

မှတ်ချက်များ