ဝတ်လစ်စလစ် ဓါတ်ပုံတွေ ထွက်ပေါ်လာပေမယ့် ဒီလို ရိုက်ကူးခဲ့တဲ့ ကျောင်းဆရာမကို အလုပ်မထုတ်ပဲ ဆက်ခန့်ထားဆဲ


အင်တာနက်မှာ ကိုယ်လုံးတီးဓါတ်ပုံတွေ ထွက်ပေါ်လာခဲ့တဲ့ ကျောင်းဆရာမ အား သူမရဲ့ကျောင်းမှ အလုပ် မထုတ်ပဲ ဆက်လက်လုပ်ကိုင်ခွင့် ပေးလိုက်ပါတယ်။ အကြောင်းအရင်းကတော ထို ဓါတ်ပုံတွေဟာ လွန်ခဲ့ တဲ့ ၁၅ နှစ်ခန့်က ဓါတ်ပုံတွေဖြစ်နေလို့ပါ။

တက်တူးတွေနှင့် မူလတန်းဆရာမ တစ်ယောက်ဖြစ်တဲ့ Anita ဟာ ထိုငယ်စဉ်အရွယ်က ဓါတ်ပုံတွေထဲမှာ အ၀တ်အစားများ မပါပဲ ဆွဲဆောင်မှုကို ဖော်ပြထားတဲ့ အမူအယာတွေနဲ့ ဓာတ်ပုံ အရိုက်ခံခဲ့ပါတယ်။ အီတလီနိုင်ငံ မြောက်ပိုင်းက Treviso မြို့မှာရှိတဲ့ မူလတန်းကျောင်းက ကျောင်းသားတွေရဲ့ မိဘတွေ ကတော့ ထိုဆရာမ နဲ့ ပတ်သက်ပြီး အလုပ်ထုတ်ပစ်ဖို့ လာရောက် တောင်းဆိုနေကြတယ် လို့လည်း သိရပါတယ်။

အသက် ၃၅ နှစ် အရွယ်ရှိပြီး ကျောင်းသားမိခင်တစ်ယောက်လည်း ဖြစ်တဲ့ Clelia Cocci ကတော့ “ကျွန်မ ကတော့ ကိုယ့်ရင်သားတွေကိုဖော်ပြပြီး ညစ်ညမ်း ဓါတ်ပုံရိုက်ကူးတဲ့ မိန်းမတစ်ယောက် က ကျွန်မသားကို စာသင်နေတာကို လက်မခံနိုင်ပါဘူး။ သူမဟာ အလုပ် ထုတ်ခံရသင့်ပါတယ်။” လို့ဆိုပါတယ်။

ဒါပေမယ့်လည်း ကျောင်းအုပ် Antonia Piva ကတော့ ထိုဓါတ်ပုံတွေဟာ အတိတ်က ဓါတ်ပုံတွေသာဖြစ်ပြီး သူမဟာ ထူးချွန်တဲ့ ဆရာမတစ်ယောက် ဖြစ်သလို သူမရဲ့ တပည့်တွေဟာ ကောင်းစွာ စာသင်ကြား ခံခဲ့ရ တဲ့အတွက် အလုပ် မထုတ်နိုင်ပါဘူး “လို့ဆိုထားပါတယ်။

Trend Myanmar

မှတ်ချက်များ