အော် နဂါးဝင်စားတယ်ဆိုတဲ့ ကလေးများရယ်


မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့အနောက်ဘက်တွင်ရှိသော ကန်တော်ကျေးရွှာရှိ မအိအိဖြိုး အသက် ၁၅နှစ်နဲ့မောင်ရှိုင်းဝဏ္ဏအသက်၁၁နှစ်တို့မှာ မွေးရာပါတစ်ကိုယ်လုံးပူလောင်နေရပြီး အရေပြား မှာအက်ကွဲကာ အမြဲတမ်းရေစွတ်နေရတဲ့ထူးဆန်းတဲ့ရောဂါကို ကံဆိုးစွာခံစားနေရပါတယ်။ေ

မွေးချင်းမောင်နှမခြောက်ထဲမှသူတို့နှစ်ယောက်သာ ကံကွက်ကြားပြီးဆိုးနေရခြင်းဖြစ်ပါသည်။သူတို့အမေ ကလဲဆုံးပါးသွားခဲ့ပြီး အဖေကလဲအိမ်ကထွက်သွားပြီး အခုထိအိမ်ပြန်မလာသေးပါ။ အကိုကြီးဖြစ်သူက ရှာကျွေးပြီး အမလတ်ကထိန်းကျောင်းပေးနေရပါတယ်။ကလေးများမှာ ရောဂါဝေဒနာ ခံစားနေရသည့်အပြင် ရွှာသူရွှာသူများက နဂါးဝင်စားတဲ့နဂါးလေးတွေလို့အမြဲစနေလို့ရှက်လို့ကျောင်းတောင် မနေရဲပဲ အိမ်တွင်း ပုန်းနေရပါတယ်။ 

အခုဒီကလေးတွေကို ခေါ်ယူဆေးကုဖို့အတွက် ကျွန်တော်တို့ပန်းပျိုးသူများ ပရဟိတအဖွဲ့မှ ကိုမျိုးကြီးရဲ့စီစဉ် မှုနဲ့ မောင်လူပျော်နဲ့မဟာဟိတကာရီလူမှုကူညီရေးအသင်းမှ ညီငယ်ဥက္ကာတို့အဖွဲ့ရယ်ပူးပေါင်းပြီး ယနေ့ ကားနဲ့သွားခေါ်နေပါပြီ။ မနက်ဖြန်မန္တလေးဆေးရုံကြီး အရေပြားဌာနက အရေပြားအထူးကုဆရာဝန်ကြီး များနဲ့ပြသပြီးပန်းပျိုးသူများ ပရဟိတအဖွဲ့မှ ကုသပေးမှာဖြစ်ပါတယ်။


■ ပန်းပျိုးသူများ ပရဟိတအဖွဲ့■

ကိုဝမ်း 09- 253644455
ကိုမျိုးကြီး 09 - 798811888
ကိုရဲကြီး 09 -20 37 427
ကိုထွဋ် 09 - 972574887
မောင်လူပျော် 09 - 402577143
တို့ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်ခင်ဗျာ။

မှတ်ချက်များ