(၁) အသက်အရွယ် အသက်ကြီးလေလေ ရင်သား ကင်ဆာဖြစ်နိုင်ခြေ ပိုများလေလေဖြစ်သည်။
(၂) နိုင်ငံဖွံဖြိုးမှု ဖွံဖြိုးပြီးနိုင်ငံသူများသည် ဖွံဖြိုးမှု အနည်းဆုံး ဖြစ်သော နိုင်ငံသူများထက် အဖြစ်ပိုများသည်။
(၃)မျိုးပွားမှုဆိုင်ရာ အချက်အလက်များ ရာသီသွေးစပေါ်သည့်အသက်အရွယ် စောလွန်းခြင်း၊ပထမကလေးယူသည့် အသက်အရွယ် နောက်ကျခြင်း၊ ကလေးမမွေးခြင်း(သို့)ကလေးယူသည့်အရေအတွက် နည်းခြင်း၊နို့မတိုက်ခြင်း၊ရာသီသွေးဆုံးမှု နောက်ကျလွန်းခြင်း တို့သည် ရင်သားကင်ဆာ ဖြစ်နိုင်ခြေကို ပိုများစေသည်။
(၄)ဟော်မုန်းသုံးစွဲသူများ (သန္ဓေတားဆေးကတ်၊ ဟော်မုန်းကုထုံးများ)
(၅) ရင်သားငယ်ကျစ်သူများ
(၆) ရင်သားရောဂါအခံရှိသူများ
(၇) ရင်သားကင်ဆာ မျိုးရိုးရှိသူများသည် ရင်သားကင်ဆာ ဖြစ်နိုင်ချေ ပိုများကြောင်း ဆက်စပ်တွေ့ရှိရသည်။
အခြား အချက်အလက်များမှာ...
(၁) အ၀လွန်သူများ၊ ကိုယ်လက်လှုတ်ရှားမှု နည်းသူများ၊ အဆီအစားများသူ၊ ဓါတ်ရောင်ခြည်နှင့် ထိတွေ့ မှုများသူ အရက်သောက်သုံးသူနှင့် ဆေးလိပ်သောက်သုံး သူများသည်လည်း ရင်သားကင်ဆာဖြစ်ပွားမှုနှင့် ဆက်စပ်နေကြောင်း တွေ့ရှိရပါသည်။
ဒေါက်တာခင်နိုင်ဦး

မှတ်ချက်များ