"အစားမလွန်စေဖို့ သတိပေးမယ့် လည်ဆွဲ"
''Diet Choker" (အစာလည် ကပ်) ဟု အမည်ပေးထားသည့် လည်ဆွဲ တစ်ခုအား သိပ္ပံပညာရှင် များက တီထွင် ဖန်တီးကာ လူတစ် ဦး စားသောက် လိုက်သည့် အစာ မှန်သမျှကို ယင်းလည်ဆွဲ က ပြန် လည် သတိပေးရန် ဖန်တီးခဲ့သည်။
အဆိုပါ လည်ဆွဲတွင် မော်နီတာ တစ်ခု ပါရှိကာ ယင်းမော်နီတာ တွင် Wearsens ဟု အမည် တစ်ခု ရေးသား ထားသည် ကို တွေ့ရ သည်။ Wearsens သည် သတ္တုကွင်းတစ် ခုဖြစ်ကာ လည်ပင်း တစ်ဝိုက် တွင် တပ်ဆင်ရ မည်ဖြစ်သည်။ ၄င်းတွင် ဆင်ဆာ (အာရုံခံ ကိရိယာ) တစ်ခု ပါရှိကာ အစားအသောက် များ လည်ချောင်း အတွင်းသို့ မျိုချချိန် တွင် တုန်ခါ သွားစေရန် ဖန်တီး ထားသည်။
အဆိုပါစက် ကို ကယ်လီဖိုးနီးယား တက္ကသိုလ်မှ အင်ဂျင်နီယာ များက တီထွင် ထားခြင်းဖြစ်ပြီး လူ သုံး ဆယ်ထက် မနည်း စမ်းသပ် မှု ပြု လုပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ထို့အပြင် အဆိုပါ စက်သည် အပူ၊ အအေးမှ အစ အရည်နှင့် အဖတ် အလိုက် ပုံစံ အမျိုးမျိုးကွဲ ပြားမှုများ အတွက် စမ်းသပ်ရာတွင် လည်း ၉ဝ ရာခိုင်နှုန်းကျော် အထိ တိကျ သေချာမှု ရှိကြောင်း တွေ့ရှိခဲ့ ပြီးဖြစ် သည်ဟု ဆိုသည်။
Wearsens မှ တာဝန်ရှိသူ တစ်ဦးက ''မျိုချလိုက်တဲ့ အစားအစာ ပေါ် အခြေခံပြီး အမျိုးမျိုးသော အာဟာရ ဆိုင်ရာ နည်းလမ်းတွေ နဲ့ ရေးဆွဲ ထားပါတယ်''ဟုဆိုထား သည်။ အဆိုပါ စက်အား အသုံး ပြုပုံကို You Tube တွင် ဝင်ရောက် ကြည့်ရှုနိုင်ပြီး ကြည့်ရှု သူများ၏ အသက်၊ ကိုယ်အလေးချိန်၊ အရပ် အမြင့်နှင့် ကျလိုသည့် ဝိတ်ပမာဏ တို့ကို ၄င်းမှ တောင်းခံလိမ့်မည် ဟု ဆိုသည်။
Popular Myanmar News Journal

မှတ်ချက်များ