တစ်နိုင်ငံလုံး အပစ်ရပ်ဖို့အတွက် လက်မှတ်ထိုးချိန် မသိသေး
တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲနိုင်ဖို့ ရေးဆွဲထားတဲ့ မူကြမ်းကို မူအားဖြင့် သဘောတူခဲ့ကြပေမယ့် ဘယ်အချိန်မှာ လက်မှတ် ထိုးမလဲ ဆိုတာ မသိရသေးပါဘူး။
ဒီသဘောတူညီချက်က အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုအတွက် မူဘောင်တွေ ချမှတ်ပေးတာ ဖြစ်ပြီး နိုင်ငံရေးဆွေးနွေးမှု ဖြစ်လာစေမယ့် ခြေလှမ်းတစ်လှမ်း ဖြစ်ပါတယ်။
မြန်မာငြိမ်းချမ်းရေး ကိုယ်စားလှယ် ဦးလှမောင်ရွှေကတော့ မြန်မာအစိုးရအနေနဲ့ ဘာမှ ဆွေးနွေးစရာမ လိုတော့ပဲ လက်မှတ်ထိုးဖို့ အသင့်ဖြစ်ပြီလို့ အေအက်ဖ်ပီကို ပြောပါတယ်။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဘက်ကတော့ ဘယ်အချိန်မှာ ဆွေးနွေးမှုတွေ လုပ်မလဲ ဆိုတာ ပြောဆိုထားခြင်း မရှိသေးပါဘူး။
အခုလောလောဆယ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၄ ဖွဲ့နဲ့ အပစ်အခတ် ရပ်စဲရေးယူထားတာဖြစ်ပြီး တအောင်းပလောင်အဖွဲ့နဲ့ ကချင် ကေအိုင်အေ အဖွဲ့နဲ့တော့ အပစ်အခတ် ရပ်စဲရေး လက်မှတ် မထိုးနိုင်သေးပါဘူး။
မြန်မာစစ်တပ်က ၂၀၀၉ ခုနှစ်က ကိုးကန့်တပ်ကို တိုက်ထုတ်ထားတာကြောင့် ဒီကိစ္စမှာ ကိုးကန့်ကို ထည့်မပြောထားပေမယ့် တိုင်းရင်းသား လက်နက်ကိုင်တွေကတော့ အနာဂတ်မှာ ပြုလုပ်မယ့် ဆွေးနွေးပွဲ အတွင်း ကိုးကန့်ကိစ္စကိုပါ ထည့်သွင်းဖို့ ဆန္ဒရှိနေတယ်လို့ တိုင်းရင်းသားဘက်က ဦးနိုင်ဟံသာက ပြောပါတယ်။
ABC Radio Australia

မှတ်ချက်များ