ယူကရိန်းတိုက်ပွဲဝင်အမျိုးသမီးများ အလှပြသည့် နိုင်ငံတကာအမျိုးသမီးများနေ့ ဖက်ရှင်ရှိုး(ဓာတ်ပုံ)







မတ် ၈ ရက်မှာ ကျရောက်တဲ့ နိုင်ငံတကာအမျိုးသမီးများနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ယူကရိန်းနိုင်ငံမှာ တိုက်ပွဲ ၀င်နေတဲ့ အမျိုးသမီးတိုက်ခိုက်ရေးသမားတွေက ယူနီဖောင်းတွေ ချွတ်ပြီး ဖက်ရှင်ရှိုးကို ကျင်းပခဲ့ပါတယ်။

သူပုန်တွေထိန်းချုပ်ထားတဲ့ ဒေါ့ညက်စ်မြို့မှာ နိုင်ငံတကာအမျိုးသမီးများနေ့ အကြိုအဖြစ် ဒီပွဲကို ကျင်းပခဲ့တာ ဖြစ်တယ်လို့ ရိုက်တာ သတင်းမှာ ဖော်ပြပါတယ်။

သူပုန်တပ်ရင်း ၃ ခုက အမျိုးသမီးတွေက ၀တ်စုံပြည့်ဝတ်ဆင်ပြီး ကိုယ်ပိုင်အုပ်ချုပ်ရေး ကြေညာထားတဲ့ အာဏာပိုင်တွေက အလှပြိုင်ပွဲကို ဦးစီးကျင်းပခဲ့တာ ဖြစ်ပါတယ်။

စစ်တပ်က အမျိုးသမီးတွေကလည်း လှပပြီး မိန်းမဆန်တယ်ဆိုတာကို ပြသဖို့ ဖြစ်တယ်လို့ ဒီပွဲမှာ ပါဝင်တဲ့ အမျိုးသမီး တိုက်ခိုက်ရေး သမားက ပြောပါတယ်။

လက်နက်ကိုင် တိုက်ခိုက်နေပေမယ့်လည်း အဓိက ရည်မှန်းချက်ကတော့ ငြိမ်းချမ်းရေးကို လိုလားတယ်လို့ တိုက်ပွဲဝင်နေတဲ့ အမျိုးသမီး တိုက်ခိုက်ရေးသမားက ပြောပါတယ်။

ဒီပွဲမှာ ပါဝင်တဲ့ တချို့အမျိုးသမီးတွေက ရှေ့တန်းကို ရည်းစားနဲ့ ခင်ပွန်းနောက်ကို လိုက်လာတဲ့ ဒေသခံ အမျိုးသမီးတွေ ဖြစ်တယ်လို့လည်း သတင်းက ရေးပါတယ်။

ရုရှားလိုလားတဲ့ တိုက်ခိုက်ရေးသမားနဲ့ ယူကရိန်းတပ်ဖွဲ့တွေအကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် လူ ၆၀၀၀ လောက် အသက်ဆုံးရှုံးခဲ့ရပါတယ်။

DVB

မှတ်ချက်များ