အသက် ၇၃နှစ် ဂျပန်နိုင်ငံကျော် သရုပ်ဆောင်နဲ့ လူရွှင်တော် ခင်အီချီဟာ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ
အောင်မြင်သွားတဲ့ အတွက် နာမည်ကြီး တက္ကသိုလ် ကိုမာဇာမှာ ဧပြီလက စတင်တက်ရောက်ရမှာ ဖြစ်ပါတယ်။
အထက်တန်းအောင်မြင်ပြီးတဲ့နောက် အနုပညာလောကထဲဝင်ရောက်ခဲ့တဲ့ အတွက် ပညာသင်ကြားဖို့ အခွင့်အရေး ဆုံးရှုံးခဲ့ပြီး ၂၀၁၄ မတ်က စတင်ကာ အနုပညာ လုပ်ငန်းတချို့ကို ရပ်နားကာ တက္ကသိုလ် ၀င်ခွင့် ဖြေဆိုဖို့ လေ့လာသင်ယူခဲ့တာပါ။
ခင်ကျန်လို့ လူသိများတဲ့ ဒီအနုပညာရှင်ဟာ အင်္ဂလိပ်စာအပါအ၀င် စာတွေ့ လူတွေ့ စစ်ဆေးမှု အဆင့် ဆင့်ဖြေဆိုပြီးမှ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကို အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။
အရမ်းကို ပျော်ရွှင်နေသလို တက္ကသိုလ်ကို နားရက်မရှိသင်ယူပြီး ဧပြီလဆန်းမှာ ကျင်းပမယ့် မောင်မယ် သစ်လွင်ကြိုဆိုပွဲကို တက်ရောက်မယ်လို့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားသွားပါတယ်။
ဇော်ဇော်လှိုင် - DVB

မှတ်ချက်များ