အိုင်ဗရီကို့စ်သမ္မတဟောင်း၏ ဇနီး ထောင်ဒဏ်နှစ်(၂ဝ) ချမှတ်ခံရ


အိုင်ဗရီကို့စ်နိုင်ငံတွင် ၂ဝ၁ဝ ပြည့် နှစ်က ကျင်းပခဲ့သည့် ရွေးကောက်ပွဲ နောက်ပိုင်းဖြစ်ပွားခဲ့သော အ ကြမ်းဖက်မှုများ၌ ပါဝင်ပတ်သက်မှုဖြင့် သမ္မတဟောင်း၏ ဇနီးဆီမွန်ဂတ် ဘိုအားထောင်ဒဏ်နှစ်(၂ဝ) ကျခံရန် ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း ယနေ့ ဘီဘီစီသတင်းတွင် ဖော်ပြသည်။

အသက်(၆၅)နှစ်အရွယ်ရှိ ဂတ်ဘို မှာ နိုင်ငံတော်လုံခြုံရေး ထိခိုက်စေမှုဖြင့် စွဲချက်တင်ခံခဲ့ရခြင်းဖြစ်သည်။

၎င်း၏ ခင်ပွန်းဖြစ်သူ သမ္မတဟောင်း လောရင့်ဂတ်ဘိုမှာ နိုင်ငံတကာ ရာဇဝတ်တရားခုံရုံး (အိုင်စီစီ)တွင် အမှုရင်ဆိုင်နေရသည်။

၂ဝ၁ဝ ပြည့်နှစ်တွင် ကျင်းပခဲ့သော အိုင်ဗရီကို့စ် သမ္မတရွေးကောက်ပွဲ အပြီး၌ သမ္မတဟောင်း လောရင့် ဂတ် ဘိုက ၎င်း၏ပြိုင်ဘက် အလက်ဆန် ကွာတာရာအား ရှုံးနိမ့်ခဲ့ရမှုကို လက်ခံရန် ငြင်းဆိုခဲ့ပြီးနောက် အကြမ်းဖက်မှုများဖြစ်ပွားခဲ့ရာ လူ ၃ဝဝဝ ကျော် သေဆုံးခဲ့ရသည်။

၂ဝ၁၁ ခုနှစ်တွင် အိုင်ဗရီကို့စ် နိုင်ငံ မြို့တော်အဘစ်ဂျန်ရှိ ကတုတ် ကျင်းတစ်ခုကို အစိုးရတပ်ဖွဲ့များက စီး နင်းကာ အဆိုပါကတုတ်ကျင်း၌ ခိုလှုံနေသော သမ္မတဟောင်းနှင့် ၎င်း၏ဇနီးတို့အား ဖမ်းဆီးခဲ့သည်။

အိုင်ဗရီကို့စ်တရားရုံးချုပ်က သမ္မတဟောင်း၏ဇနီးအပေါ် ပြစ်ဒဏ်အဖြစ် ထောင်ဒဏ် နှစ်(၂ဝ) ချမှတ်ခဲ့သော် လည်း အစိုးရအရှေ့နေများက ၎င်းပြစ်ဒဏ်ထက် နှစ်ဆပိုမိုချမှတ်ရန် တိုက်တွန်းပြောကြားခဲ့သည်။

သမ္မတကတော်ဟောင်း၏ သမီးဖြစ်သူက ယင်းသို့ ပြစ်ဒဏ်ချမှတ်ခြင်းမှာ တရားမျှတမှုမရှိကြောင်းနှင့် နိုင် ငံရေးအရ တရားစီရင်သည့် လက္ခဏာဖြစ်ကြောင်း ဘီဘီစီသို့ ပြောကြားခဲ့သည်။ ဘီဘီစီ။

The Mirror Daily

မှတ်ချက်များ