ချယ်လ်ဆီးသည် ရီးရဲလ်မက် ဒရစ်တွင် ရုန်းကန်နေရသော ပြင် သစ်လူငယ်နောက်ခံလူ ဗာရီနီ ကို ခေါ် ယူရန် စိတ်ဝင်စားနေကြောင်း သိရသည်။ ရီးရဲလ်နည်းပြ အန်ဆယ်လော့တီသည် ယခုရာသီတွင် အသင်း ဗဟိုခံစစ်အတွဲ၌ ပီပီ နှင့် ရာမို့စ်ကိုသာ အသုံးပြုနေခြင်း ကြောင့် ဗာရီနီမှာ မပျော်မရွှင်ဖြစ် နေသည်။
ရီးရဲလ်သည် ဗာရီနီကို ဇီဒန်း၏ အကြံပေးမှုဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်ပြီး ၎င်း၏ တန်ကြေး ပေါင်သန်း ၄၀ သတ်မှတ်ထား သည်။ မန်ယူသည်လည်း ၂၀၁၁ တွင် လန်းစ်အသင်း၌ ကစားနေ သော ဗာရီနီအား ခေါ်ယူရန် ကြိုး ပမ်းခဲ့သော်လည်း ရီးရဲလ်က ခေါ် ယူသွားခဲ့သည်။
ချယ်လ်ဆီးနည်းပြ မော်ရင် ဟိုမှာ လက်ရှိအသင်း၏ ဗဟိုခံစစ် အတွဲတွင် ဂယ်ရီကာဟေးလ်က ခြေစွမ်း မတည်ငြိမ်ဘဲ တယ်ရီက လည်း အသက်(၃၄)နှစ်အရွယ်ရှိ လာပြီဖြစ်၍ လူငယ်ဗဟိုနောက်ခံ လူတစ်ဦး ခေါ်ယူလိုနေခြင်း ဖြစ် သည်။ ဗာရီနီသည် ယခုရာသီအစ တွင် ရီးရဲလ်နှင့် ခြောက်နှစ်စာချုပ် သစ်တစ်ရပ် ချုပ်ဆိုခဲ့ပြီး ပြင်သစ် နောက်ခံလူဟောင်း လီဘိုယူက ဗာရီနီသည် ရီးရဲလ်ဂန္ထ၀င် ဖာနန် ဒိုဟီရာရိုထက် တောက်ပလာနိုင် သော ကစားသမားတစ်ဦးဖြစ် ကြောင်း ထောက်ခံထားသည်။ ဗာရီနီမှာ ရီးရဲလ်အတွက် ၇၆ ပွဲ ကစားပြီး ဂိုး ၂၀ သွင်းယူပေးထား သည်။
7day

မှတ်ချက်များ