ကြီးမားတဲ့ သဘာဝရင်သား ပိုင်ဆိုင် ထားတဲ့ အမျိုးသမီး


အမေရိကန် ပြည်ထောင်စုမှာရှိတဲ့ အမျိုးသမီး တစ်ဦးဟာ အလေးချိန် (၃၁ ဒသမ ၆) ပေါင်ရှိတဲ့ ရင်သားကို ပိုင်ဆိုင်ထား တာကြောင့် အံ့အား သင့်စရာ ဖြစ်ခဲ့ပါတယ်။ ရင်သား တစ်ဖက်စီဟာ (၁၅ ဒသမ) ပေါင် အထိရှိပြီး ရင်သား နှစ်ဖက်ပေါင်းရင် ကလေးငယ်တစ်ဦးရဲ့ ကိုယ်အလေးချိန်နဲ့ တူညီမှု ရှိနေတယ်လို့ ဆိုထား ပါတယ်။ အသက်(၃၆) နှစ်ပြီရှိတဲ့ ခရစ္စတီလက်ဗ်ဟာ ချစ်သူ တစ်ဦး အလိုရှိနေပြီး ကြီးမားတဲ့ ရင်သားတွေကို ကူညီ ဖြေရှင်းပေးဖို့ အဖော် တစ်ယောက် လိုအပ်နေကြောင်း ဆိုခဲ့ပါတယ်။

ခရစ္စတီလက်ဗ်ဟာ အဖော်တစ်ဦး အမြန်အလိုရှိ နေကြောင်း ဆိုခဲ့ပြီး သူ့ရင်သားတွေကို အထီး ကျန်ဖြစ်မှာ ကို အလို မရှိကြောင်းဆိုခဲ့ ပါတယ်။ ခရစ္စတီလက်ဗ်ဟာ ဂျော်ဂျီယာ၊ အတ္တလ္တာ ပြည်နယ်တို့မှာ ရင်သား တစ်စုံနဲ့ နှိပ်နယ်ပေးခြင်း လုပ်ငန်းကို လုပ်ကိုင်နေပြီး သူ့ဘ၀ အကြောင်းကို ထူဆန်းတဲ့ အစီအစဉ်တွေ ပြသလေ့ရှိတဲ့ TLC ရုပ်သံလိုင်းမှာ ထုတ်လွှင့်ပြသပေးခဲ့ ပါတယ်။

ခရစ္စတီလက်ဗ်ဟာ ရင်သားတွေ ကြီးလွန်း တာကြောင့် ဟင်းချက်တဲ့ အခါ ယောက်မကို ကိုင်ပြီး မွှေနှောက် ရာမှာ မီးအပူကို မကြာ ခဏ ရင်ဆိုင်ရလေ့ ရှိတယ်လို့ ဆိုခဲ့ ပါတယ်။ ခရစ္စတီလက်ဗ်ဟာ ကြီးမားတဲ့ ရင်သားနှစ်ခု ကြားမှာ ကားလိုင်စင်၊ မိုဘိုင်းဖုန်း၊ ကားသော့၊ မိတ်ကပ်ဘူး စတာ တွေကို ထည့်ယူ သယ်ဆောင်သွားလေ့ရှိ ပါတယ်။ ခရစ္စတီလက်ဗ်ဟာ သူ့ရင်သားတွေကို အခြားသူတွေ ကြည့်ရင် အလွန်ရှက်တတ် တယ်လို့ သိရပါ တယ်။

ခရစ္စတီလက်ဗ်ဟာ သဘာဝ ရင်သားတွေ ပိုင်ဆိုင် ထားခြင်း ဖြစ်ပြီး အသက် ရှစ်နှစ် အရွယ်လောက် ကတည်းက ရင်သားတွေ တဖြည်းဖြည်း ကြီးလာခြင်း ဖြစ်တယ်လို့ ဖွင့်ဟခဲ့ပါ တယ်။ ၂၀၁၃ က မေရာ သတင်းစာနဲ့ အင်တာဗျူးမှာ ခရစ္စတီလက်ဗ်က သူဟာ ရင်သားတွေနဲ့ အမျိုးသားတွေကို နှိပ်နှယ်ပေးရာမှာ တစ်နေ့ကို ဒေါ်လာ (၁၃၀၀) လောက် ရရှိခဲ့ကြောင်း ဆိုခဲ့ဖူးပါတယ်။ လက်ရှိ အချိန်မှာ ခရစ္စတီလက်ဗ်ဟာ ကိုယ်အလေးချိန်ပေါင် (၃၂၀) အထိရှိနေ တာကြောင့် ကျန်းမာရေးအရ စိုးရိမ်စရာ ကောင်းကြောင်း ဆရာဝန်က သတိပေး ပြောဆိုထား ပါတယ်။

messenger

မှတ်ချက်များ