လက်ပံတောင်း အကြမ်းဖက်ဖြိုခွင်းမှု ပြည်ထဲရေး ဝန်ကြီးနှင့် ရဲချုပ်ကို တရားစွဲ


လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကြောင့် လယ်ယာမြေများ သိမ်းဆည်းမှုကို ငြိမ်းချမ်းစွာ ဆန္ဒပြနေ
သော သပိတ်စခန်း ခြောက်ခုကို အကြမ်းဖက်ဖြိုခွင်းမှု အပေါ်တွင် တာဝန်ယူမှု မရှိသောကြောင့် ပြည်ထဲ
ရေးဝန်ကြီး ဦးကိုကိုနှင့် ရဲချုပ် ဦးဇော်ဝင်းကို တရားစွဲဆိုခြင်း ဖြစ်ကြောင်း ဆရာတော် ဦးသိခညာဏက ပြောကြားသည်။

အဆိုပါဖြစ်ရပ်တွင် ရဲများက အသုံးပြုသော မီးခိုးဗုံးတွင် ပါဝင်သည့် ဖော့(စ်)ဖာရပ်စ်များကြောင့် မီးလောင် ဒဏ်ရာရှိသော ဘုန်းကြီးအပါး ၁၃၀ ကျော်တွင် ဆေးရုံတက်ရသူ အပါး ၈၀ ကျော်ရှိပြီး ယင်းကိစ္စများနှင့် ပတ်သက်၍ ၂ နှစ်ကျော်သည့်အထိ စောင့်ပြီးချိန်တွင်လည်း အစိုးရဘက်မှ တာဝန်ယူဖြေရှင်းမှု မရှိသော
ကြောင့် ယင်းကဲ့သို့ တရားစွဲဆိုခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အကြမ်းဖက်မှု တရားစွဲဆိုခြင်းကို ယခုနှစ် မတ်လ ၁၁ ရက်နေ့တွင် ဆားလင်းကြီးမြို့နယ် ရဲစခန်းက လက်ခံထားပြီး အထက်သို့ တင်ပြထားကြောင်း ဆားလင်းကြီး ရဲစခန်းမှ ဒုတိယစခန်းမှူး ရဲအုပ် ဦးသက်ဆွေက ပြောကြားသည်။

ဆားလင်းကြီး ရဲစခန်းသို့ တရားစွဲဆိုမှုကို မီးခိုးဗုံးကြောင့် မီးစွဲလောင်ခံရသော ရဟန်းတော်များကိုယ်စား ဒေသခံတစ်ဦးက ကိုယ်စားပြု တရားစွဲဆိုမှုကို တင်ပြထားပြီး ယင်းစခန်းက လက်ခံခြင်းမရှိပါက ပြည်ထောင်စုတရားလွှတ်တော်ရုံးသို့ တိုက်ရိုက်တရားစွဲဆိုမည် ဖြစ်ကြောင်း မြန်မာရှေ့နေများကွန်ရက်မှ အကြီးတန်းရှေ့နေ ဦးအောင်သိန်းက ပြောဆိုသည်။

နိုင်ငံတကာစစ်ပွဲများတွင် အသုံးပြုရန် တားမြစ်ထားသည့် မီးလောင်ဗုံးကို အသုံးပြုထားခြင်းကြောင့် နိုင်ငံတ ကာ ဥပဒေနှင့် တရားဥပဒေစိုးမိုးခြင်းများ ဖြစ်ပေါ်လာစေရန် မျက်မြင်သက်သေများကို တွေ့ဆုံကာ ရရှိ ထားသော သတင်းအချက်အလက်များဖြင့် တရားစွဲဆိုနိုင်ရန် ကူညီပေးနေခြင်း ဖြစ်ကြောင်း Justice Trust မှ အမှုဆောင်ဒါရိုက်တာ မစ္စတာ Roger Normand က ပြောကြားသည်။

The Voice

မှတ်ချက်များ