နှစ်ပေါင်းနှစ် ဆယ်အတွင်း မြန်မာနိုင်ငံ၏ သစ် တောများ နှစ်စဉ် ၀ ဒသမ ၅၅ ရာခိုင်နှုန်းပြုန်းတီးနေကြောင်း သတင်းရရှိသည်။ ‘‘မြန်မာနိုင်ငံရဲ့ သစ်တော ပြုန်းတီးမှုနှုန်းကို ပြန်လည်ဆန်း စစ်ကြည့်တဲ့အခါမှာ ၁၉၉၀ ပြည့် ကနေ ၂၀၁၀ ပြည့်နှစ်အတွင်း နှစ် စဉ် နိုင်ငံဧရိယာရဲ့ ၀ ဒသမ ၅၅ ရာခိုင်နှုန်းရှိခဲ့ကြောင်း လေ့ လာတွေ့ရှိရပါတယ်’’ဟု ပတ် ၀န်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်း ထွန်းကပြောသည်။
နေပြည်တော်ရှိ သစ်တော ရေးရာဝန်ကြီးဌာနတွင် ပြုလုပ် သည့် အပြည်ပြည်ဆိုင်ရာသစ်တောများနေ့ အခမ်းအနား၌ ၀န်ကြီး ဦးဝင်းထွန်းက အထက်ပါ အတိုင်း ပြောကြားသည်။
ကမ္ဘာ့သစ်တောသယံဇာတ အခြေအနေများနှင့် ပတ်သက်၍ ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက် ပျိုးရေးအဖွဲ့ က ထုတ်ပြန်သည့် ၂၀၁၀ ပြည့်နှစ်သစ်တောသယံဇာတလေ့လာဆန်းစစ်မှုအစီရင်ခံစာအရကမ္ဘာ့သစ်တော သယံဇာ တများသည် ၁၉၉၀ နှင့် ၂၀၀၀ ပြည့်နှစ်ကြား နှစ်စဉ်ဟက်တာ ၈ ဒသမ၃ သန်း၊ ၂၀၀၀ နှင့် ၂၀၀၅ တွင်ဟက်တာ ၄ ဒသမ ၈ သန်းနှင့် ၂၀၀၅ နှင့် ၂၀၁၀ ကြားတွင် ဟက်တာ ၅ ဒသမ ၅ သန်းပြုန်းတီးခဲ့ ကြောင်း ထုတ်ပြန်ထားပြီး ကမ္ဘာ တစ်ဝန်း သစ်တောပြုန်းတီးမှုမှာ နှစ်စဉ်ပျမ်းမျှဟက်တာ ၁၃ သန်း ကျော်ပြုန်းတီးနေကြောင်း သိရ သည်။
ယခုကဲ့သို့ ကမ္ဘာတစ်ဝန်း သစ်တောများ ပြုန်းတီးလာသည့် အတွက် ရာသီဥတုပြောင်းလဲမှု လျော့ပါးသက် သာရေး၊ သဲကန္တာ ရဖြစ်ထွန်းမှုတိုက်ဖျက်ရေး၊ ဇီဝ မျိုးစုံမျိုးကွဲထိန်းသိမ်းရေးစသည့် လုပ်ငန်းများ၏ အဓိ ကဖြစ်သည့် သစ်တောထိန်းသိမ်းရေးလုပ်ငန်း များကို အလေးထားကာ ကမ္ဘာ တစ်ဝန်းအရှိန်အဟုန်ဖြင့် အကောင် အထည်ဖော်ဆောင်ရွက်သွားရ မည်ဖြစ်ပြီး ဖွံ့ဖြိုးမှုအစီအစဉ်အ သီးသီးတွင် သစ်တောကဏ္ဍကို အဓိကလုပ်ငန်းတစ်ရပ်အဖြစ် ထည့်သွင်း ဆောင်ရွက်နေ ကြောင်း ၀န်ကြီးကပြောသည်။
ထို့အပြင် ၂၀၁၄ နယူး ယောက်မြို့တွင် ကျင်းပသည့် ရာသီဥတုပြောင်းလဲမှုထိပ်သီး ဆွေးနွေးပွဲ (၂၀၁၄) သစ်တောများ ဆိုင်ရာ နယူးယောက်ကြေညာ ချက်၌ ကမ္ဘာ့အပူချိန် ၂ ဒီဂရီ ဆဲလ်ဆီးယပ် လျှော့ချနိုင်ရန် ၂၀၂၀ တွင် သစ်တောပြုန်းတီးမှု ၅၀ ရာခိုင်နှုန်းထိ လျှော့ချပြီး ၂၀၃၀ တွင် သစ်တောပြုန်းတီးမှု လုံးဝမ ရှိစေရေး ရည်မှန်းချက် အတိုင်း ဆောင်ရွက်သွားရမည် ဖြစ်ကြောင်းနှင့် ၂၀၃၀ တွင် တောနိမ့်တောပျက် ဧရိယာဟက်တာ သန်း ၃၅၀ ကို သစ်တောစိုက်ခင်း အဖြစ် တည်ထောင်နိုင်ရေးနှင့် သစ်တောပြုန်းတီးမှုနှင့် ကာဗွန် ထုတ်လွှတ်မှု လျှော့ချရေးတို့ အတွက် (REDD+) ကို ၂၀၁၅ တွင် စတင်သဘောတူညီမှုရယူကာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့ သည်။
အပြည်ပြည်ဆိုင်ရာသစ် တောများနေ့အခမ်းအနားတွင် သစ်တောဆိုင်ရာ ဆောင်းပါးဆု ရရှိသူများနှင့် ဓာတ်ပုံဆုရရှိသူ များအား ဆုချီးမြှင့်ခြင်း၊ စာတမ်း ဖတ်ကြားခြင်းများ ပြုလုပ်ခဲ့ပြီး ပြည်နယ်နှင့် တိုင်းဒေသ အသီး သီးမှ သစ်တောဌာန၀န်ထမ်းများ နှင့် UNDP မှ ဌာနေကိုယ်စား လှယ်များတက်ရောက်ခဲ့သည်။
7Day

မှတ်ချက်များ