ပြင်သစ်နိုင်ငံမှာ ဂျာမန်တန်ဖိုးနည်းလေကြောင်းလိုင်း Germanwings လေယာဉ်တစီး လေယာဉ်မှူးတဦး တည်းရဲ့ လက်ထဲမှာ ပျက်ကျမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ကမ္ဘာ့ လေကြောင်းလိုင်းတွေမှာ လေယာဉ်မှူးခန်းထဲ အနည်းဆုံးလေယာဉ်မှူး ၂ ဦး အမြဲထားရှိရေးဥပဒေကို အရေးပေါ်ပြင်ဆင်ပြဋ္ဌာန်းခဲ့ကြပါတယ်။
ဒီဥပဒေဟာ အမေရိကန်လေကြောင်းလိုင်းတွေမှာတော့ ပြဋ္ဌာန်းထားပြီးဖြစ်ပေမယ့် တခြားလေကြောင်း လိုင်းတွေမှာ ဥပဒေနဲ့ အတိအကျ ပြဋ္ဌာန်းထားတာ မရှိသေးပါဘူး။
လေယာဉ်မှူးတဦး မောင်းခန်းထဲမှာရှိနေရင် နောက်တဦးက အပေါ့အပါးသွားတဲ့ အချိန်အခါမျိုးမှာ အပြင် ထွက်ခွင့်ပေးတာပါ။ ဒါကြောင့် အခုနောက်ဆုံး Germanwings လေယာဉ်ပျက်မှုဟာလည်း ဒီအခြေအနေ မျိုးမှာ ဖြစ်ပွားခဲ့တာလို့ ပြင်သစ်စုံစမ်းရေးအရာရှိတွေက အခိုင်အမာကို ယုံကြည်နေကြတာပါ။
Germanwings လေယာဉ်ပျက်ကျမှုမှာ အသက် ၂၇ နှစ်အရွယ် တွဲဖက်လေယာဉ်မှူး Andreas Lubitz ဟာ လေယာဉ်မှူးကြီး အပြင်ထွက်သွားချိန်မှာ တံခါးကို အသေပိတ်ထားလိုက်ပြီး လေယာဉ်ကို တမင်ပျက်ကျ
အောင် ရည်ရွယ်လုပ်ဆောင်ခဲ့ပုံပေါ်ပြီး လေယာဉ်ပေါ်ပါသူ ၁၅၀ လုံး သေဆုံးခဲ့ရပါတယ်။
ဒါကြောင့် ကနေဒါသယ်ယူပို့ဆောင်ရေးဝန်ကြီးက ကနေဒါလေကြောင်းလိုင်းမှာလည်း လေယာဉ်မောင်း ခန်းထဲ အမြဲတမ်း လေယာဉ်မှူး ၂ ဦး ရှိရမယ့်ဥပဒေကို အရေးပေါ်ထုတ်ပြန်လိုက်တယ်လို့ ပြောဆိုပါတယ်။
တချိန်တည်းမှာပဲ နော်ဝေး ရှတလ် Shuttle လေကြောင်းလိုင်း၊ ဗြိတိန်နိုင်ငံရဲ့ အကြီးဆုံးလေကြောင်းလိုင်း

ဖြစ်တဲ့ အီးဇီးဂျက် easy Jet နဲ့ ဘာလင်လေကြောင်းလိုင်းတွေမှာ လည်း အလားတူဥပဒေကို အရေးပေါ်
ပြင်ဆင်ပြဋ္ဌာန်းခဲ့ကြပါတယ်။
DVB
DVB

မှတ်ချက်များ