ဘန်ကောက်တွင် ဇတ်တူသားစားကြသည့် ကရင်လူငယ်ဂိုဏ်းအဖွဲ့ များ








ထိုင်းနိုင်ငံဘန်ကောက်မြို့ တွင် အခြေစိုက်သည့် ကရင်လူငယ်မောင်မယ်များပါဝင်သည့် လူငယ်ဂိုဏ်းအဖွဲ့ များ အချင်းများကြရာမှ လူသတ်မှုဖြစ်ပွားခဲ့သည့်အတွက် ၎င်းတို့စုဝေးတတ်သည့်နေရာများတွငိ ဒေသခံအာ ဏာပိုင်များက လုံခြုံ ရေးတိုးမြှင့်ကာ စစ်ဆေးမှုများလုပ်ဆောင်လျှက်ရှိသည်။

ယခင်လ ၂၂ ရက်နေ့က ကရင်လူငယ်များ အများစုပါဝင်သည့် (ဏ်ုဖာသင့်) မြန်မာဘာသာဖြင့် ( နှင့်အဖေ အသစ် ) လူငယ်ဂိုဏ်းအဖွဲ့နှင့် (စောဘဦး) လူငယ်ဂိုဏ်းအဖွဲ့တို့ ဘန်ကောက်မြို့  လက်ဖယောက်အရပ်ရှိ - BIG C - ကုန်တိုက်ကြီးအနီးတွင် အချင်းများရာမှ စောဘဦးအဖွဲ့မှ ကရင်လူငယ်တဦး ဒါးထိုးခံရ၍ သေဆုံးခဲ့ သည်။

သေဆုံးသူမှာကရင်ပြည်နယ်ဘားအံမြို့ နယ် နောင်ပလိန်ကျေးရွာအုပ်စု ရွာသာရွာနေ အဖဦးနေကြာ၏ သားဖြစ်သူ စောခူးခူး - အသက် ၂၅ နှစ်ခန့်ဖြစ်သည်။

လူသတ်မှုတွင် ပါဝင်ပတ်သက်သည်ဟု ယူဆရသူများကို ယနေ့တိုင်ဖမ်းဆီးရမိခြင်းမရှိသေးဘဲ နယ်မြေ ခံရဲစခန်းမှ အမှုကိုတည်ဆောက်ကာ စုံစမ်းစစ်ဆေးမှုများပြုလုပ်နေသည်ဟု သိရသည်။

ဘန်ကောက်တွင်အခြေစိုက်သည့် ကရင်လူငယ်ဂိုဏ်းများမှာ မြန်မာဘာသာဖြင့် - နှင့်အဖေအသစ်အဖွဲ့ - နှင့်အမေ့လင်အသစ်အဖွဲ့ - XXX အဖွဲ့ - ချစ်ဖို့ကောင်းသည့် ကောင်းလေး အဖွဲ - စေဘဦး အဖွဲ့ - များအပါ အ၀င် ကရင်လူငယ်ဂိုဏ်းအဖွဲ့ ၆ ခုထက်မနည်း ဖွဲ့စည်းထားပြီး အဖွဲ့ဝင်ဂိုဏ်းသားအများစုမှာ လူငယ်မောင် မယ်များဖြစ်သည်။

အဆိုပါအဖွဲ့များသည် အလုပ်ပိတ်ရက်နှင့်အားလပ်ရက်များတွင် လူစည်ကားရာနေရာဒေသများသို့ အုပ်စုဖွဲ့ ကာ သွားလာလှုပ်ရှားလျှက်ရှိသည်။

ဘန်ကောက်တွင်အခြေစိုက်သည့် ကရင်အမျိုးသားများအရေး ဆောင်ရွက်နေကြသည့် အဖွဲ့အစည်းများက လူငယ်ဂိုဏ်းအဖွဲ့များကို စည်းရုံးမှုများပြုလုပ်နေသော်လည်း အချို့ အဖွဲ့များမှာ ပါဝင်ပူးပေါင်းမှုရှိသော်လည်း အချို့ အဖွဲ့များမှာ ယနေ့တိုင်စည်းရုံးမှုများကို လက်ခံခြင်းမရှိသေးဟု သိရှိရသည်။

ဘန်ကောက်အခြေစိုက် ကရင်လူငယ်ဂိုဏ်းအဖွဲ့များမှာ ၎င်းတို့အဖွဲ့၏ အမည်နှင့်ဓာတ်ပုံမှတ်တမ်းအချို့ ကို လူမှုကွန်ယက်စာမျက်နှာများတွင် အပြို င်အဆိုင် ဖော်ပြကြသည်ကိုလည်း တွေ့ရှိရသည်။

ဘန်ကောက်တွင် သီတင်းသုံးနေသည့် ထိုင်းနိုင်ငံသား ကရင်ဘုန်းတော်ကြီးတပါးက " မြန်မာနိုင်ငံကလာ တဲ့ ကရင်လူငယ်မောင်မယ်တွေအနေနဲ့ ထိုင်းနိုင်ငံထဲကိုရောက်ရှိလာရတဲ့ ကိုယ့်ဘ၀အနေအထားတွေကို ပြန်လည်သတိမူကြပြီးတော့ ကိုယ်လည်းဒုက္ခဆင်းရဲတွင်းထဲ မကျရောက်ရအောင် သားသမီးတွေရဲ့ အိမ် အပြန်လမ်းကို စိုးရိမ်မှုတွေနဲ့စောင့်မျှော်နေကြတဲ့ မိဘတွေကို စိတ်ချမ်းသာစေဘို့နဲ့ ကိုယ့်လူမျိုးရဲ့ ဂုဏ် သိက္ခတွေကို ထိန်းသိမ်းပေးကြဘို့ ဆရာတော်တိုက်တွန်းချင်ပါတယ်"ဟု မိန့်ကြားသည်။

ပုံစာ - ဇတ်တူသားစားမှုကြောင့် သေဆုံးခဲ့ရသည့် စောခူးခူးနှင့်ကရင်လူငယ်ဂိုဏ်းအဖွဲ့အချို့ ၏ လူမှုကွန်ယက်ပေါ်မှ မှတ်တမ်းများ ။

ကရင်အမျိုးသား- မီဒီယာ

မှတ်ချက်များ