လက်ပံတန်း ပင်မသပိတ် ဖြိုခွဲပြီး ၁၂၇ ဦးထိန်းသိမ်း
မတ် ၁၀ ရက် လက်ပံတန်းမြို့မှာ ထိုင်သပိတ်ဆင်နွှဲနေတဲ့ ပင်မကျောင်းသား သပိတ်စစ်ကြောင်းကို ဖြိုခွဲပြီး ၁၂၇ ဦးကို ထိန်းသိမ်းခဲ့တယ်လို့ ပြန်ကြားရေး ၀န်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
အဖမ်းခံထားရသူတွေ ထဲမှာ ကျောင်းသား ၅၂ ဦး၊ ကျောင်းသူ ၁၃ ဦး နှင့် အရပ်သား ၆၂ ဦး ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။
ဖမ်းဆီးထားတဲ့သူတွေကို ဘယ်မှာထားတယ်၊ ပြန်လွတ်မလား၊ အရေးယူမလားဆိုတာကတော့ မဖော်ပြ ထားပါဘူး။
သပိတ်စစ်ကြောင်းကို ဖြိုခွဲရာမှာ ရဲတပ်ဖွဲ့ဝင် ၁၆ ဦး ဒဏ်ရာရာရပြီး ဆန္ဒပြသူထဲက ကျား ၆ ဦး မ ၂ ဦး ဒဏ်ရာ ရတယ်လို့ ထုတ်ပြန်ပါတယ်။
ဒီလိုဖြိုခွဲရာမှာ သတင်းထောက်တချို့ရိုက်နှက် ဖမ်းဆီးခံရတာတွေလည်း ရှိခဲ့ပါတယ်။
DVB




မှတ်ချက်များ