ပဋိပက္ခများဖြစ်ပွားနေရာ ဆီးရီးယားနယ်မြေတွင် ပြီးခဲ့သည့် သုံးလအတွင်း ကလေးစစ်သား အနည်းဆုံး ၄၀၀ ကျော်ကို အိုင်အက်စ်အဖွဲ့က တပ်သားသစ်အဖြစ် စုဆောင်းခဲ့ကြောင်း လူအခွင့်အရေး စောင့် ကြည့်ရေးအဖွဲ့ကပြောသည်။ ဆော်ဒီနောက်ခံပေးသည့် တစ်ဖက်စွန်းကျလွန်းသည့် ဝါဟာဘီအတွေးအ
ခေါ်မျိုးဖြစ်ပြီး ကလေးများကို စစ်သင်တန်းပေး လေ့ကျင့်ပေးကြောင်း ယင်းအဖွဲ့က ဖော်ပြသည်။
အသက် ၁၈ နှစ်အောက်ကလေးများကို အဓိကအားဖြင့် ဆီးရီးယားအရှေ့ပိုင်းနှင့် အီရတ်နယ်စပ်တို့မှ စုဆောင်းခြင်းဖြစ်ကြောင်း ဗြိတိန်အခြေစိုက် ဆီးရီးယားလူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ပြောသည်။
အစပိုင်းတွင် အိုင်အက်စ်တို့က မိဘဖြစ်သူများကို ၎င်းတို့၏ ကလေးငယ်များအား လေ့ကျင့်ရေးစခန်းများသို့ လာပို့ရန် စာရေးတိုက်တွန်းကြောင်း၊ မိဘများခွင့်ပြုချက်ကို မယူဘဲ တပ်သား သစ်အဖြစ်စုဆောင်ခြင်းဖြစ်
ကြောင်း၊ ကလေးများကို ပိုက်ဆံ၊ လက်နက်နှင့် ကားတို့ဖြင့် သွေးဆောင်စည်ရုံးခြင်းဖြစ်ကြောင်း အဆိုပါအ ဖွဲ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယခုလအစက စစ်သွေးကြွ ကလေးလူငယ် တစ်ဦး အစ္စရေးစပိုင်ဟု စွပ်စွဲရသူ တစ်ဦးအား ပစ်သတ်သည့် ဗီဒီယိုကို အိုင်အက်စ်တို့က အွန်လိုင်းတင်၍ ဖြန့်ခဲ့သည်။
mizzima

မှတ်ချက်များ