ရဲတွေ မမှတ်မိစေရန် မျက်နှာကို အနက်ရောင် မှုတ်ဆေးများဖြင့် ဆေးရောင်ခြယ်ပြီး ရုပ်ဖျက်နေခဲ့သူ အဖမ်းခံခဲ့ရ


ခိုးဝှက် မှုများ အတွက် ရဲတပ်ဖွဲ့ မှ ဖမ်း ၀ရမ်း ထုတ်ထားရတဲ့ အမျိုးသားဟာ သူ့ ကို ရဲတွေ မမှတ်မိစေရန် သူ့ ရဲ့ မျက်နှာ ကို အနက်ရောင် မှုတ်ဆေး များဖြင့် ဆေးရောင်ခြယ်ပြီး ရုပ်ဖျက်နေခဲ့ပါတယ်။ ကယ်လီ ဖိုးနီး ယား ပြည်နယ် Madera မြို့ မှာနေထိုင်တဲ့ Jose Espinoza ဆိုတဲ့ သူခိုး ရဲ့ အဲဒီလို တုံးအ လွန်းတဲ့ အကြံ ဥာဏ်တွေဟာ အလုပ်မဖြစ်ခဲ့ပါဘူး။

မျက်နှာကို အနက်ရောင်ဆေးခြယ်ပြီးတဲ့နောက် ရဲတပ်ဖွဲ့က သူ့ကို သတိထားမိပြီး သူ့ ရဲ့ နေအိမ် အတွင်း ၀င်ရောက် ရှာဖွေခဲ့ရာ ခိုးယူထားတဲ့ ကားတွေနဲ့ အခြားခိုးရာပါ ပစ္စည်းတွေကို ရှာဖွေတွေ့ ရှိ ခဲ့ကြပါတယ်။ ရဲတပ်ဖွဲ့က Espinoza ကို ဘာကြောင့် မျက်နှာကို အနက်ရောင် ဆေး မှုတ် ထားရ တာ မေးမြန်း တဲ့အခါ မှာတော့ Espinoza က သူ့ကို ဖမ်းဆီးဖို့ လိုက်ရှာနေတဲ့ ရဲတွေကို အရူး လုပ်ချင် တဲ့ အတွက် ဖြစ်တယ် လို့ ပြန် လည်ဖြေဆို ခဲ့ပါတယ်။ Espinoza လောလော လတ်လတ် အသုံးပြု ထားတဲ့ အနက်ရောင် မှုတ်ဆေး ဘူး ကိုတော့ သက်သေခံ ပစ္စည်း အဖြစ် ရဲတပ်ဖွဲ့ သိမ်းဆည်းခဲ့တယ် လို့ သိရပါတယ်။

Thithtoolwin

မှတ်ချက်များ