စလင်း-ပွင့်ဖြူကားလမ်း၌ ဆိုင်ကယ်စီးနင်းလာသူပေါ်သို့ သစ်ကိုင်းကျိုးကျခဲ့သဖြင့် တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ


မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ် စလင်း-ပွင့်ဖြူကားလမ်းတွင် မတ် ၁၇ ရက် မွန်းလွဲ ၁ နာရီက ဆိုင်ကယ်စီးနင်း လာသူ ဇနီးမောင်နှံပေါ်သို့ သစ်ကိုင်း ခြောက်ကျိုးကျခဲ့သဖြင့် အမျိုးသားတစ်ဦးသေဆုံးခဲ့ပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာများ (စိုးရိမ်ရ) ရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ပွင့်ဖြူဘက်မှ စလင်းဘက်သို့ နိုင်လင်း (၃၈နှစ်) ရှောက်တော ကျေးရွာ ပွင့်ဖြူမြို့နယ်နေသူ မောင်းနှင်ပြီး နောက်မှ ၄င်း၏ဇနီးဖြစ်သူ မကြူမာ(၃၇နှစ်) လိုက်ပါလာသော မက/------LUOJIA-110 အနက်ရောင် ဆိုင်ကယ်သည် စလင်း-ပွင့်ဖြူကားလမ်း မိုင်တိုင်အမှတ် ၂၅ လက်ပနွယ်ရွာ သွားလမ်းခွဲအ နီး၌ လမ်း၏ယာဘက်ဘေးရှိ ကင်ပွန်းခါးပင်မှ လုံးပတ် ၁၈ လက်မ၊ အရှည်ပေ ၂ဝ ခန့်ရှိ သစ်ကိုင်းခြောက် ပဲ့ကျခဲ့ရာ နိုင်လင်းနှင့် မကြူမာတို့နှစ်ဦးအပေါ် ပြုတ်ကျမိခဲ့သောကြောင့် နိုင်လင်းတွင် ဒဏ်ရာရရှိကာ သေ ဆုံးခဲ့ပြီး မကြူမာတွင် ဒဏ်ရာ(စိုးရိမ်ရ)ရရှိခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ ပွင့်ဖြူမြို့နယ် မြို့မ ရဲစခန်းက အမှုဖွင့် ဆောင်ရွက် ထားကြောင်း သိရသည်။

ကျော်ဇေယျ - Myanmaalinn

မှတ်ချက်များ