တိုင်းရင်းသားစာပေ (၁၀)မျိုးကို မြန်မာဘာသာသို့ ပြန်ဆိုထားပြီး မူလတိုင်းရင်းသားဘာသာပါ ပူးတွဲဖော်ပြ ထားသည့် ဝတ္ထုတို ပေါင်းချုပ်လာမည့် မေလတွင် စတင်ထုတ်ဝေမည်ဟု ဗြိတိသျှကောင်စီမှ သတင်းရရှိ သည်။
တိမ်မြုပ်နေသောစကားလုံး များ၊ တိမ်မြုပ်နေသော လောက များ (Hidden Words, Hidden Worlds) ဟူသော အမည်ဖြင့် မိလေးမွန်၊ Rev. N-Gan Tang Gang၊ စောချစ်သန်း အစရှိသော တိုင်းရင်းသား စာရေးဆရာ ၂၀ ကျော်၏ ဝတ္ထုတိုများကိုစုပေါင်း ၍ နှစ်ဘာသာဝတ္ထုတိုပေါင်းချုပ် အဖြစ် ပုံနှိပ်ထုတ်ဝေခြင်း ဖြစ် ကြောင်း ဗြိတိသျှကောင်စီ မြန်မာနိုင်ငံညွှန်ကြားရေးမှူး ကီဗင်မက် ကင်ဇီက ပြောသည်။
‘‘တိုင်းရင်းသား လူနည်းစု တွေရဲ့ အတွေ့အကြုံတွေ၊ သူတို့ တွေရဲ့ စိတ်ကူးယဉ် ဇာတ်လမ်း တွေကတစ် ဆင့် ထုတ်ဖော်တင်ပြချက်တွေကို လေ့လာချင်စရာ အမြောက်အမြား ရှိပါတယ်။ ဒါ ကြောင့် ဗြိတိသျှကောင် စီအနေနဲ့ ဦးစီးပြီးတော့ ဒီလိုမျိုးစာအုပ်ကို ထုတ်ဝေခဲ့တာပါ’’ ဟု ကီဗင်မက် ကင်ဇီက ပြောသည်။
မြန်မာနိုင်ငံတွင် ငြိမ်းချမ်း ရေးရရှိတည်တံ့စေရန် လူနည်းစု များ၏ စာပေများကို ပြုစုပျိုး ထောင်ပေးရန် လို အပ်နေပြီး စာ ပေသည် လူမျိုးစုတစ်ခု၏ ယဉ် ကျေးမှုဓလေ့များကို လေ့လာရာ တွင် အရေးကြီးကြောင်း PEN Myanmar မှ စာရေးဆရာမ မသီ တာ(စမ်းချောင်း)က ပြောကြားသည်။
ဗြိတိသျှကောင်စီသည် လွန် ခဲ့သော ၂ နှစ်ခန့်မှစ၍ မြန်မာ နိုင်ငံရှိ ကရင်ပြည်နယ်၊ မွန်ပြည် နယ် အစရှိ
သော ပြည်နယ်ခုနစ် ခုတို့တွင် ဝတ္ထုတိုအလုပ်ရုံဆွေး နွေးပွဲ (short story workshop) များမှတစ်ဆင့် တိုင်းရင်းသားစာ ပေဖြင့် လွတ်လပ်စွာဖန်တီးခွင့်နှင့် ထုတ်ဖော် တင်ပြခွင့်တို့ကို ပံ့ပိုး ပေးခဲ့ပြီး မတ်လ ၁၃ ရက်နှင့် ၁၄ ရက်တို့တွင်လည်း တိုင်းရင်းသား စာရေးဆရာများ၊ ပုံနှိပ်ထုတ်ဝေ သူများနှင့် စာပေနှင့် ယဉ်ကျေးမှု အသင်း ဥက္ကဋ္ဌများ တွေ့ဆုံပွဲကို PEN Myanmar နှင့် ဗြိတိသျှကောင်စီတို့ပူးပေါင်းကာ ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သည်။
ရန်နိုင်ဦး၊ ဟိန်းသာ - 7day
ရန်နိုင်ဦး၊ ဟိန်းသာ - 7day

မှတ်ချက်များ