မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်၏ နောက်ဆုံးပေါ်ဆံပင်ဟန်
မြောက်ကိုရီးယားနိုင်ငံရေးဦး ဆောင်အဖွဲ့အစည်းအဝေးကို ဖေ ဖော်ဝါရီ ၂၅ ရက်၌ ပြုလုပ်ခဲ့သည်။ ထိုအ စည်းအဝေးတွင် မြောက်ကိုရီး ယားခေါင်းဆောင် ကင်ဂျုံအန်၏ ပုံကို တွေ့ရသည်။ ထိုပုံတွင်ကင်ဂျုံ အန် သည် ဆံပင်ကို ဘေးတစ်ဖက် တစ်ချက်၌ အပြောင်ရိတ်ထားသည်။ ဆံပင်ကိုအလယ်မှ ခွဲထားသည်။ မျက်ခုံးမွေးကိုလည်း အပြောင်ရိတ် ထားသည်။
ကင်ဂျုံအန်မျက်ခုံးမွေးရိတ် ထားသည်မှာ သူ၏အဖိုးကင်မ်အီ ဆွန်နှင် တူစေရန်ဖြစ်နိုင်ကြောင်း၊ သို့သော် သူ၏ဆံပင်ဟန်မှာ သူ့အဖေ ကင်ဂျုံအီ၏ ဆံပင်ဟန်နှင့်တူကြောင်း၊ သူတို့သားအဖနှစ်ဦး၏ ဆံပင်ဟန် မှာ စိတ်ဝင်စားဖွယ်မရှိကြောင်း South China Morning Post ကဝေဖန်ထားသည်။
မြောက်ကိုရီးယားခေါင်းဆောင် ၏ ဆံပင်ဟန်ပန်မှာအတော်မြင့် ကြောင်း၊ ထိုအနေအထား ဖြစ် နေစေရန် မကြာခဏပြုပြင်ပေးရ ကြောင်း၊ အာရှသားများ၏ ဆံပင် မှာထိုသို့အမြင့်ဟန်ဖန်တီးရန် မလွယ် ကူကြောင်း ကိုရီးယားဆံပင်အလှ ပြင်ဆိုင်ပိုင်ရှင်မစ္စတာကီလီးက ပြော သည်ကို ကိုးကား၍ ဂါဒီယန်သတင်း စာက ဖော်ပြသည်။
Democracytoday

မှတ်ချက်များ