မန်စီးတီးအသင်းနည်းပြ ပယ်လီဂရီနီက ပရီးမီးယားလိဂ်ပွဲ စဉ်(၂၇)တွင် လီဗာပူးအသင်းကို ရှုံးနိမ့်ခဲ့ပြီး
နောက် ချန်ပီယံ မျှော်လင့်ချက် နည်းပါးသွားပြီဖြစ်သော်လည်း နောက်ဆုံးအချိန် အထိ ချန်ပီယံဆုကို ကာကွယ်ရန် တိုက်ပွဲဝင်သွားမည်ဟု ပွဲအပြီး တွင် ပြောကြားသွားခဲ့သည်။
မန်စီးတီးအသင်းသည် လီဗာပူးကို အန်းဖီးလ်ကွင်းတွင် ၂-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် အမှတ်ပေးဇယား ထိပ်ဆုံးမှ ချဲလ် ဆီးက တစ်ပွဲလျော့ဖြင့် ရမှတ်ငါးမှတ်အသာဖြင့် ရပ်တည်နိုင်ခဲ့ သော်လည်း ချန်ပီယံဆုကို ကာကွယ်ရန် နောက်ဆုံးအချိန်အထိ ကြိုးစားသွားမည်ဟု ပယ်လီဂရီနီက ပြောကြားခဲ့ခြင်းဖြစ်သည်။
''ချန်ပီယံဆုအတွက် ဘယ်တော့မှ အရှုံးမပေးပါဘူး။ အသင်း ကစားပုံကောင်းမွန်ရေး အတွက် ပထမဆုံး ပြင်ဆင်ရမှာဖြစ်ပြီး အဲဒီနောက်မှာတော့ နောက်တစ်ပွဲမှာ ဘယ်လိုအနိုင် ကစားရမလဲ ဆိုတာ ပြင်ဆင် သွားပါမယ်။ ဘောလုံးမှာ ဘာဖြစ်လာနိုင်သလဲ ဆိုတာ ဘယ်သူမှ မသိပါဘူး။

ရမှတ်တူအခြေအနေမှာ ပွဲနည်းလာတော့ ပိုပြီးခက်ခဲ လာစေပါတယ်။ လီဗာပူး ဟာ အကောင်းဆုံးပုံစံနဲ့ ကစားနိုင်ခဲ့ပြီး နိုင်ပွဲနဲ့ထိုက် တန်ခဲ့ပါ တယ်။ ကစားသမားတစ်ဦးချင်းစီအလိုက် စွမ်းဆောင်ရည်ကို ပြန်လည် သုံးသပ်ပြီး ရှေ့ လာမယ့်ပွဲစဉ်တွေအတွက် ပြင်ဆင်ပြီး ချန်ပီယံဆုကို ကာ ကွယ်ဖို့ ကြိုးစားသွားမှာပါ''ဟု ပယ်လီဂရီနီက ပြောကြားခဲ့သည်။
မန်စီးတီးအသင်းသည် လီဗာပူးနှင့် ရင်ဆိုင်ခဲ့ ရာတွင် ဟန်ဒါဆန်၏ ဦးဆောင်ဂိုးကို ဒီဇီကိုက ချေပနိုင် ခဲ့သော်လည်း ကော်တင်ဟို၏သွင်းဂိုးကြောင့် အဝေးကွင်းတွင် ၂-၁ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရခြင်းဖြစ်သည်။
ဒီမိုကရေစီတူဒေး

မှတ်ချက်များ